ဗြိတိန်နိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ပထမဆုံးထိုးခွင့်ရတဲ့ အသက် ၉၀ အရွယ် အဘွားအို

8-12-2020-yyl-020.jpg

ဗြိတိန်နိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးနေပါပြီ။ Pfizer နဲ့ BioNTech ကုမ္ပဏီတွေ ပူးပေါင်းဖော်စပ်ထားတဲ့ ကာကွယ်ဆေးကို ပထမဆုံး ထိုးနှံခွင့်ရတဲ့ ဗြိတိန်နိုင်ငံသူကတော့ အသက် ၉၀ အရွယ် အဘွားအို မာဂရက်ကီးနန်ဖြစ်ပါတယ်။

သူဟာ အင်္ဂါနေ့နံနက် ဒေသစံတော်ချိန် ၆ နာရီ ၃၁ မိနစ်က ကိုဗင်ထရီတက္ကသိုလ်ဆေးရုံမှာ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခဲ့တာပါ။ လာမယ့်တစ်ပတ်မှာ အသက် ၉၁ နှစ်ပြည့်တော့မယ့် မာဂရက်ကီးနန်ကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရရှိတာဟာ သူ ဆုတောင်းခွင့်ရတဲ့ အရာထဲမှာ အကောင်းဆုံး မွေးနေ့အကြိုလက်ဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ပထမဆုံး ထိုးနှံခွင့်ရသူတွေထဲမှာ ဝီလျံရှိတ်စပီးယားလို့ အမည်ရတဲ့ အသက် ၈၁ နှစ်အရွယ် အဘိုးအိုလည်း ပါဝင်ပါတယ်။ ဗြိတိန်နိုင်ငံက Pfizer နဲ့ BioNTech ကိုဗစ်ကာကွယ်ဆေး အဖုံ သန်း ၄၀ မှာယူထားပေမဲ့ ကာကွယ်ဆေးထိုးနှံရေး ပထမတစ်သုတ်မှာတော့ ကာကွယ်ဆေးအဖုံ ၈ သိန်းပဲ ထိုးနှံပေးနိုင်မှာပါ။

Ref: CNN ” First Britons receive Covid-19 vaccine, a landmark moment in the pandemic”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top