ကမ္ဘာ့တန်ဖိုးအကြီးဆုံး စမတ်ဖုန်း

12.9.23-yyl-2.jpg

လက်ရာမြောက် စမတ်ဖုန်းဒီဇိုင်း ဖန်တီးတဲ့ ရုရှားကုမ္ပဏီ Caviar က ကမ္ဘာ့တန်ဖိုးအကြီးဆုံး စမတ်ဖုန်းကာဗာ ဖန်တီးခဲ့ပါတယ်။ စက်တင်ဘာလ ၂၂ ရက်မှာ ထွက်ရှိလာမယ့် iPhone 15 Pro Max မော်ဒယ်အတွက် ရွှေဖြူနဲ့ စိန်ပွင့်တွေ အသုံးပြုဖန်တီးထားတဲ့ ဖုန်းကာဗာဟာ အမေရိကန်ဒေါ်လာ ၅၆၄၇၀၀ ကျသင့်မှာဖြစ်ပြီး အဲဒီကာဗာတပ်ဆင်ထားတဲ့ဖုန်းကတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ ၁၈ ကာရက် ရွှေဖြူနဲ့ လုပ်ထားပြီး စိန်အပွင့်ရေ ၅၇၀ ထက်မနည်း အသုံးပြုထားပါတယ်။

Caviar ရဲ့ စိန်နှင်းပွင့်(Diamond Snowflake) ဖုန်းကာဗာအမျိုးအစားဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ထွက်ပေါ်ခဲ့တာဖြစ်ပြီး iPhone 14 အတွက် တန်ဖိုးကြီးကာဗာ ထုတ်လုပ်ခဲ့ဖူးပါတယ်။ Caviar ဟာ iPhone 14 အတွက် စိန်နှင်းပွင့်ကာဗာ ၃ ခုပဲ ထုတ်လုပ်ခဲ့သလို iPhone 15 အတွက်လည်း စိန်နှင်းပွင့်ကာဗာ ၃ ခုပဲ ထုတ်လုပ်ဖို့ ရှိပါတယ်။

Ref: Russian Company Creates the World’s Most Expensive Custom iPhone Ever

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top