အများနဲ့တစ်ယောက်၊ တစ်ယောက်နဲ့အများ
စာသင်ခန်းထဲမှာ ဆရာက မေးခွန်းတစ်ခုခုမေးတဲ့အခါ တစ်တန်းလုံးက အဖြေတစ်ခုကို တညီတညွတ်တည်း ဖြေကြပေမဲ့ ကိုယ်သိတဲ့အဖြေက သီးခြားဖြစ်နေရင် ရဲရဲဝံ့ဝံ့ဖြေလိုက်ဖူးပါသလား။ အားလုံးက အဖြေတစ်ခုတည်း ဖြေကြတဲ့အခါ ကိုယ့်အဖြေက လွဲနေမလား၊ ဝိုင်းဟားခံရမလား တွေးပြီး မပြောဖြစ်ခဲ့ဘူးလို့ပဲ ထင်မိပါတယ်။ ကိုယ့်အဖြေမှန်နေရင်တောင်မှ…