တရုတ်နိုင်ငံကို ငွေစျေးနှုန်း ကြိုးကိုင်ချယ်လှယ်တဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားတာကို အမေရိကန် ရုပ်သိမ်းပေး
တရုတ်နိုင်ငံက ငွေစျေးနှုန်း ကြိုးကိုင်ချယ်လှယ်နေတယ်ဆိုတဲ့ သတ်မှတ်ချက်ကို အမေရိကန်နိုင်ငံက ပြန်လည်ပယ်ဖျက်ပေးခဲ့ပါတယ်။ နှစ်နှစ်နိုင်ငံကြား ကုန်စည်စစ်ပွဲကို ဖြေလျှော့နိုင်ဖို့ ပြင်ဆင်နေချိန်မှာ အမေရိကန်နိုင်ငံက အခုလို ပြင်ဆင်ဖော်ပြခဲ့တာပါ။ ပြည်ပဝယ်လက်တွေ ဝယ်ချင်လာအောင် သူတို့ရဲ့ကုန်ပစ္စည်းတွေကို စျေးလျှော့ပေးဖို့အတွက် ငွေတန်ဖိုး ချတာမျိုးလုပ်မှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံက…