24-6-2020-yyl-014.jpg

ဒူးရင်းသီးရဲ့ အနံ့စူးစူးကြောင့် စာပို့သမားတွေ ဆေးရုံ ရောက်ရတဲ့အဖြစ်

အနံ့စူးရှတဲ့ပါဆယ်ထုပ်တစ်ခုကြောင့် ဂျာမန်စာပို့သမားတွေ ဆေးကုသမှုခံယူခဲ့ရပြီး တချို့ဆို ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်တစ်ခု ဘာဗေးရီးယားမှာ စနေနေ့က ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလိုဖြစ်ပွားခဲ့တာကြောင့် ပါဆယ်ထုပ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ အနံံ့ပြင်းတဲ့ဒူးရင်းသီးတွေဖြစ်နေပါတယ်။ စာတိုက်ဝန်ထမ်းတွေက ပါဆယ်ထုပ်ထဲက လာတဲ့အနံ့ကို သတိပြုမိပြီးတဲ့နောက်မှာ ရဲတွေ၊ မီးသတ်သမားတွေနဲ့ အရေးပေါ်ဝန်ဆောင်မှုတွေကို ခေါ်ယူခဲ့ရပါတယ်။…