Mentalhealth-v3.jpg

ကိုယ်ဖြစ်နေတာက ဝမ်းနည်းတာလား၊ စိတ်ဓာတ်ကျတာလား

ဝမ်းနည်းခြင်းဆိုတာ လူသားတိုင်း တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့ရမယ့်၊ ခံစားရမယ့် ခံစားချက်တစ်မျိုးပါ။ စိတ်ဓာတ်ကျတယ်ဆိုတာကတော့ ဒီနေ့ခေတ်စိတ်ကျန်းမာရေးပြဿနာတွေထဲမှာ အဖြစ်အများဆုံး စိတ်ရောဂါတစ်မျိုးဖြစ်နေပါတယ်။ ဒီအခြေအနေနှစ်ခုဟာဆက်စပ်နေပေမယ့် လုံးဝတူနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ရော ဝမ်းနည်းတာနဲ့ စိတ်ဓာတ်ကျတာ သဲသဲကွဲကွဲသိရဲ့လားဆိုတာ ဒီဆောင်းပါးက အဖြေရှာပေးမှာပါ။…

shutterstock-430974775.png

အမျိုးသားများ စိတ်ရောဂါကြောင့်အသက်သေဆုံးနိုင်ချေပိုများ

ဘယ်လိုရောဂါပဲဖြစ်နေပါစေ၊ စိတ်ရောဂါဆိုတာ ပေါ့ဆလို့မရတဲ့ပြဿနာပါ။ လူတော်တော်များများက စိတ်ဆိုတာကြံ့ခိုင်ရင်ရတယ်၊ လုပ်ယူရင်ရတယ်၊ စိတ်ပျော့ညံ့တယ်ဆိုတာ လူညံ့လူဖျင်းတွေအလုပ်ဆိုပြီး ယူဆလိုက်ကြတာပါ။ တကယ်တော့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူရယ်လို့ဖြစ်လာတဲ့အခါ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်၊ ပြဿနာပေါင်းစုံကို ဖြေရှင်းကြရမယ်၊ ဒီလိုမျိုး နေ့စဉ်ကြုံတွေ့နေရတဲ့အခါ ဘယ်လောက်ပဲကြံ့ခိုင်နေတဲ့လူသားတစ်ဦးဖြစ်နေပါစေ…

DdbkzAhVMAEMvuB.jpg

လိင်တူချစ်ခြင်းကိုကြောက်ရွံ့တဲ့စိတ်ရောဂါ သို့မဟုတ် Homophobia

(၂၁) ရာစုမှာ လိင်တူချစ်တယ်၊ လိင်တူ လိင်ကွဲ (၂) မျိုးလုံးကိုချစ်တယ် ဆိုတာတွေက သိပ်ပြီးထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ အဲဒီလိုလူတွေကို အကြောင်းရင်းမရှိဘဲမုန်းတီးနေတဲ့ လူတန်းစားတစ်ရပ်ဟာလည်း ယခုအချိန်ထိကိုတည်ရှိနေတုန်းပါပဲ။ သဘာဝကိုဖီဆန်တယ်လို့ဆိုကြပေမဲ့ လိင်တူချစ်တယ်ဆိုတာဟာ စိတ်ရောဂါတစ်ခုမဟုတ်သလို သဘာဝဆိုတာလည်း လိင်ကွဲမှချစ်ခင်ရတယ်လို့ သတ်မှတ်ထားတာမျိုးလုံးဝမရှိပါဘူး။ ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့…

636492793374990079-GettyImages-830195036.jpg

မိုဘိုင်းလ်ဖုန်းစွဲလမ်းလွန်တဲ့စိတ်ရောဂါ သင့်မှာရှိနေပြီလား

ဒီဘက်ခေတ်ကြီးထဲမှာ မိုဘိုင်းလ်ဖုန်းကို လူတိုင်းနီးပါး အသုံးပြုနေကြပါပြီ။ ဆက်သွယ်ဖို့၊ စကားပြောဆိုဖို့၊ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေအတွက် အဖြေရှာဖို့၊ မိတ်ဆွေအသစ်တွေ ရှာဖွေဖို့ အရင်ကလို အချိန်ကုန်၊ လူပင်ပန်းခံစရာ မလိုပဲ အင်တာနက်ဖွင့်လိုက်ရုံနဲ့ အလွယ်တကူ လုပ်လို့ရနေပါပြီ။