mn0.jpg

ဖန်ဂရမ်ရာဇီမှာခြေချော်ပြုတ်ကျခဲ့တဲ့ မစိမ့်ထက်ကိုရှာဖွေခဲ့ကြတဲ့ခရီးစဉ်

ရှာဖွေခဲ့သူတွေရဲ့အပြောအရ မစိမ့်ထက် ပြုတ်ကျသွားခဲ့တဲ့နေရာဟာ ပေပေါင်းများစွာမြင့်ပြီး မတ်စောက်တဲ့လျိုကြီးဖြစ်ပါတယ်။ ရှာဖွေရေးအဖွဲ့သားတွေက မတ်စောက်တဲ့ရေခဲပြင်ကြီးနဲ့ ကျောက်ဆောင်ပေါ်တွေကို ဖြတ်သန်းပြီး ပေ (၁၀၀၀) ကျော်ဆင်းပြီးရှာဖွေခဲ့ကြရာမှာ ပန်းရောင်ဂျာကင်အင်္ကျီ နဲ့ မျက်မှန်တစ်လက်ကို တွေခဲ့ရတယ်လို့ဆိုထားပါတယ်။ ဆက်ရှာဖို့ကတော့ ဒီလမ်းအတိုင်းသာဆိုရင် အင်မတန်အန္တရာယ်ကြီးလွန်းတယ်လို့လည်း ရှာဖွေသူတွေကဆိုပါတယ်။…