ဖန်ဂရမ်ရာဇီမှာခြေချော်ပြုတ်ကျခဲ့တဲ့ မစိမ့်ထက်ကိုရှာဖွေခဲ့ကြတဲ့ခရီးစဉ်

mn0.jpg

ရှာဖွေခဲ့သူတွေရဲ့အပြောအရ မစိမ့်ထက် ပြုတ်ကျသွားခဲ့တဲ့နေရာဟာ ပေပေါင်းများစွာမြင့်ပြီး မတ်စောက်တဲ့လျိုကြီးဖြစ်ပါတယ်။ ရှာဖွေရေးအဖွဲ့သားတွေက မတ်စောက်တဲ့ရေခဲပြင်ကြီးနဲ့ ကျောက်ဆောင်ပေါ်တွေကို ဖြတ်သန်းပြီး ပေ (၁၀၀၀) ကျော်ဆင်းပြီးရှာဖွေခဲ့ကြရာမှာ ပန်းရောင်ဂျာကင်အင်္ကျီ နဲ့ မျက်မှန်တစ်လက်ကို တွေခဲ့ရတယ်လို့ဆိုထားပါတယ်။

ဆက်ရှာဖို့ကတော့ ဒီလမ်းအတိုင်းသာဆိုရင် အင်မတန်အန္တရာယ်ကြီးလွန်းတယ်လို့လည်း ရှာဖွေသူတွေကဆိုပါတယ်။ ဖန်ဂရမ်တောင်ဟာ တမူထူးခြားတဲ့အန္တရာယ်ရှိတဲ့တောင်ဖြစ်တာမို့ အင်မတန်တောင်တက်ကျွမ်းကျင်ပြီး စွန့်စားရဲတဲ့သူမှ သွားနိုင်တာဖြစ်ကြောင်းလည်း ရှာဖွေသူတွေကပြောခဲ့ပြီး ဆက်လက်ဆုတောင်းကူညီပေးကြဖို့ မေတ္တာရပ်ခံကြောင်း ပြောထားပါတယ်။

ရှာဖွေရေးခရီးစဉ်မှတ်တမ်းပုံများနှင့် ရုပ်သံဖိုင်ကိုကြည့်ရှုရန်

http://tiny.cc/5azl6y  

http://tiny.cc/5vzl6y

Ref: Sanlu Ram Seng’s FB
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top