51927965_403161927107220_8570254051122348032_o.jpg

လူတွေအတွက် အူအတက်ဟာ အပိုအင်္ဂါအစိတ်အပိုင်းလား

လူသားတွေဟာ နှစ်သန်းနဲ့ချီပြီး ဆင့်ကဲပြောင်းလဲတိုးတက်လာခဲ့ကြတဲ့သတ္တဝါတွေဖြစ်ပါတယ်။ သစ်ပင်ပေါ်မှာနေထိုင်ခဲ့တဲ့ ရှေးခေတ်လူမျိုးနွယ်ရဲ့ အဆက်ကအနွှယ်အဖြစ် ကျွန်တော်တို့မှာ မြီးညှောင့်ရိုး ကြွင်းကျန်ရစ်ခဲ့သလို ပါးဟက်ပါတဲ့ ရှေးမျိုးရိုးတွေရဲ့လက်ဆင့်ကမ်းမှုအဖြစ် တချို့လူတွေရဲ့ နားရွက်အရှေ့ပိုင်းမှာ အပေါက်ငယ်တစ်ပေါက်ပါနေတတ်ပါတယ်။ တကယ်တော့ သက်ရှိဇီဝရုပ်တစ်ခုအတွက် အချိန်နဲ့အမျှ ရွေ့လျားဆင့်ကဲပြောင်းလဲမှုဟာ အစိတ်အပိုင်းများစွာဆက်စပ်ပါဝင်နေပြီး ခက်ခဲရှုပ်ထွေးလွန်းလှပါတယ်။…