26-4-2022-yyl-01.jpg

ကာနီဗယ်ပွဲတော်မှာ ကိုဗစ်ဆေးထိုးပြီး မိချောင်းပုံစံပြောင်းသွားတဲ့ပြကွက်နဲ့ သမ္မတ ဘော်ဆိုနာရိုကို သရော်ခဲ့

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ကမ္ဘာကျော်ကာနီဗယ်ပွဲတော်မှာ ပါဝင်ဖျော်ဖြေသူတွေက ဘရာဇီးသမ္မတ ဘော်ဆိုနာရိုရဲ့ ကိုဗစ်မူဝါဒတွေကို သရော်ခဲ့ပါတယ်။ ဆော်ပေါ်လိုမြို့ ဖျော်ဖြေပွဲမှာ သမ္မတစလွယ်ဝတ်ဆင်ထားသူတစ်ယောက်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခံရပြီးနောက် မိချောင်းအဖြစ် ပြောင်းလဲသွားတဲ့ပုံစံ သရုပ်ပြခဲ့ပါတယ်။…