bl1.jpg

ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပိတ်ပစ်လိုက်ပြီ

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ညစ်ညမ်းဝက်ဘ်ဆိုက် ၂၀၀၀၀ နီးပါးကို ပိတ်ပင်ပစ်လိုက်ကြောင်းသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေက ဆက်သွယ်ရေးဌာနရဲ့ညွှန်ကြားမှုအရ ပြီးခဲ့တဲ့အပတ်က ညစ်ညမ်းဝက်ဘ်ဆိုက်နဲ့ လောင်းကစားဝက်ဘ်ဆိုက်တွေကို ပိတ်ပင်တားဆီးပစ်ခဲ့ပါတယ်။ “ကလေးတွေအပါအဝင် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအားလုံးအတွက် လုံခြုံစိတ်ချရတဲ့အင်တာနက်တစ်ခုဖန်တီးချင်ပါတယ်။ ညစ်ညမ်းဇာတ်ကားတွေကို ဆန့်ကျင်တဲ့ တိုက်ပွဲတစ်ခုပါ။ အဆက်မပြတ်တိုက်နေမယ့် တိုက်ပွဲတစ်ခုလည်းဖြစ်မှာပါ”…