ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပိတ်ပစ်လိုက်ပြီ

bl1.jpg

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ညစ်ညမ်းဝက်ဘ်ဆိုက် ၂၀၀၀၀ နီးပါးကို ပိတ်ပင်ပစ်လိုက်ကြောင်းသိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေက ဆက်သွယ်ရေးဌာနရဲ့ညွှန်ကြားမှုအရ ပြီးခဲ့တဲ့အပတ်က ညစ်ညမ်းဝက်ဘ်ဆိုက်နဲ့ လောင်းကစားဝက်ဘ်ဆိုက်တွေကို ပိတ်ပင်တားဆီးပစ်ခဲ့ပါတယ်။

“ကလေးတွေအပါအဝင် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအားလုံးအတွက် လုံခြုံစိတ်ချရတဲ့အင်တာနက်တစ်ခုဖန်တီးချင်ပါတယ်။ ညစ်ညမ်းဇာတ်ကားတွေကို ဆန့်ကျင်တဲ့ တိုက်ပွဲတစ်ခုပါ။ အဆက်မပြတ်တိုက်နေမယ့် တိုက်ပွဲတစ်ခုလည်းဖြစ်မှာပါ” လို့ စာတိုက်နဲ့ကြေးနန်းဆက်သွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

လွဲမှားစွာ အသုံးပြုနေတယ်လို့ အာဏာပိုင်တွေယုံကြည်ထားတဲ့ နာမည်ကြီးလူမှုကွန်ရက်အက်ပလီကေးရှင်းတွေဖြစ်တဲ့ Tik Tok နဲ့ Bigo တို့ကိုလည်း တောင်အာရှနိုင်ငံတွေမှာ ပိတ်ပစ်ထားပြီးပါပြီ။

အခုပိတ်ပစ်လိုက်တဲ့ဝက်ဘ်ဆိုက်အများစုက နိုင်ငံခြားကဖြစ်ပြီး ပြည်တွင်းဝက်ဘ်ဆိုက်အနည်းငယ်နဲ့ လူမှုကွန်ရက်အကောင့်တွေကိုလည်း ပိတ်ပစ်လိုက်ကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ တက်သစ်စမင်းသမီးတစ်လတ်ရဲ့ဖေ့စ်ဘွတ်၊ တွစ်တာ၊ Tik Tok ပေ့ချ်တွေက အဖော်အချွတ်ပုံတွေကို ဖယ်ရှားပစ်ဖို့ ရဲတွေက သတိပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

ပြည်တွင်းဖေ့စ်ဘွတ်ပေ့ချ် YouTube ချန်နယ်နဲ့ ဝက်ဘ်ဆိုက်တွေကိုလည်း အာဏာပိုင်တွေက စောင့်ကြည့်နေပြီး လူမှုစံနှုန်းတွေကို ဆန့်ကျင်တဲ့အကြောင်းအရာတွေမတင်ဖို့ လူမှုကွန်ရက်အသုံးပြုသူတွေကို အကြံပြုထားပါတယ်။

လူသန်းပေါင်း (၁၆၅) ရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ အင်တာနက်အသုံးပြုသူ သန်း (၉၀) ကျော်ရှိပြီး Porn Stars ရဲ့နာမည်တွေဟာ အင်တာနက်က ရှာဖွေမှုအများဆုံးစာရင်းရဲ့ထိပ်ဆုံးမှာ နေရာယူထားပါတယ်။

ဝက်ဘ်ဆိုက်တွေကို ပိတ်ပစ်လိုက်ပေမဲ့ အင်တာနက်အသုံးပြုသူတော်တော်များများက ရနိုင်သမျှနည်းလမ်းပေါင်းစုံသုံးပြီး ညစ်ညမ်းဇာတ်ကားတွေကို ဆက်လက်ကြည့်ရှုနေကြတုန်းပါပဲ။

မြန်မာနိုင်ငံမှာလည်း ကာအိန္ဒြေထိပါးမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုအများအပြားကြုံတွေ့နေရတဲ့အတွက် ညစ်ညမ်းဇာတ်ကားဝဘ်ဆိုက်တွေက အဲဒီအခြေအနေတွေရဲ့ တစိတ်တပိုင်းမှာ ပါဝင်တာမို့ ဘင်္ဂလာဒေ့ရှ်လိုမျိုး ပိတ်ပင်မှုတွေပြုလုပ်သင့်ပါတယ်။ စာဖတ်ပရိသတ်တွေရဲ့အမြင်ကိုလည်း မျှဝေပေးလို့ရပါတယ်နော်…။

Ref: Bangladesh blocks internet porn: Authorities target 20,000 websites in war on X-rated content and online gambling
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top