59849876_2365395370158036_2002072582391595008_n.jpg

ဧပြီလ တစ်လတာအကောင်းဆုံးဆုတွေကို ဂွာဒီယိုလာ၊ ဗာဒီနဲ့ ဟာဇက် ဆွတ်ခူး

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ဧပြီလအတွက် တစ်လတာအကောင်းဆုံးနည်းပြဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာဟာ ဧပြီလအတွင်း ကစားခဲ့တဲ့ပွဲစဉ်တွေမှာ စပါးနဲ့ မန်ယူအပါအဝင် ပွဲစဉ် (၅) ပွဲလုံး အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။