ayurvedic-neem.jpg

ဆေးဖက်ဝင်တဲ့ တမာ

အညာမြေမှာ အမြဲစိမ်းနေတဲ့ တမာတွေက အရိပ်တင်ရတာမဟုတ်ဘဲဆေးဖက်လည်းဝင်သတဲ့။ အညာဒေသကိုအလည်သွားတဲ့အခါနေ့လည်ပိုင်းမှာ နေတွေပူတယ်ဆိုပေမယ့် ညဘက်ရောက်လာတဲ့အခါ အိမ်ရှေ့ ကွပ်ပျစ်လေးထွက် လက်ဖက်စားရေနွေးကြမ်းသောက်ရင်းနှာခေါင်းထဲမှာ သင်းသင်းလေးမွှေးလာတဲ့ အနံ့လေးတစ်ခုရှိတတ်တာသတိထားမိကြလား။ အဲ့ဒါကတခြားမဟုတ်ပါဘူး။ အညာမြေမှာမှရနိုင်တဲ့ တမာနံ့သင်းသင်းလေးပါ။ တမာကိုဆေးဝါးတွေအတွက်အသုံးပြုသလို အစားလည်းဆေး ဆေးလည်းအစာဆိုတဲ့အတိုင်း အချဉ်တည်စားတာမျိုးလည်းရှိပါတယ်။ အခုဆောင်းပါးလေးထဲမှာ…