68799506_2548744098489828_1583208959160877056_n.jpg

ထောင်မီးရှို့ခံရချိန်မှာလွတ်မြောက်သွားတဲ့ အကျဉ်းသား (၂၅၀) ကျော်ကို အင်ဒိုနီးရှားအာဏာပိုင်တွေလိုက်လံရှာဖွေနေ

အနောက်ပါပူအာပြည်နယ်အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ (၂၅၀) ကျော်ကို အင်ဒိုနီးရှားနိုင်ငံအာဏာပိုင်တွေက လိုက်လံရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က အနောက်ပါပူအာပြည်နယ်ရဲ့ မြို့တော်တော်များများမှာ ဆန္ဒပြသူတွေက လမ်းပေါ်ထွက်ဆန္ဒပြပြီး အကျဉ်းထောင်အပါအဝင် အဆောက်အအုံတွေကိုမီးတင်ရှို့ခဲ့လို့ ထောင်ဖောက်ထွက်ပြေးမှုဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့အားလပ်ရက်က အင်ဒိုနီးရှားနိုင်ငံလွတ်လပ်ရေးနေ့အခမ်းအနားမှာ အင်ဒိုနီးရှားအလံကိုမလေးမစားလုပ်တယ်ဆိုပြီး ဆူရာဘယမြို့မှာရှိတဲ့ ပါပူအာကျောင်းသားတွေကိုထိန်းသိမ်းခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို…