2-4-2020-yyl-026.jpg

ဒန့်သလွန်သီး စားပေးပါ

ချဉ်ရည်ဟင်းပဲချက်စားစား၊ ငါးနဲ့ပဲချက်ချက်၊ မီးကင်ပြီး ဟင်းခါးပဲချက်သောက်သောက် အဆင်ပြေပြီး စားကောင်းတဲ့အသီးလေးတစ်ခုပေါ့။ ဟင်းရဲ့ ရနံ့ကိုလည်း တိုးစေလို့ တော်တော်များများကြိုက်ကြပါတယ်။ ဒန့်သလွန်သီးရဲ့ အစွမ်းသတ္တိက ဒီလောက်နဲ့ပဲပြီးသွားတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးပေးပါသေးတယ်။ ဒန့်သလွန်ပင်က အိန္ဒိယ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်တို့မှာပေါက်ရောက်ကြပါတယ်။ အပူပိုင်းဒေသမှာပေါက်ရောက်ရှင်သန်တဲ့ အပင်တစ်မျိုးပါ။ တစ်ပင်လုံးနီးပါးဆေးဖက်ဝင်ပါတယ်။…