ဒန့်သလွန်သီး စားပေးပါ

2-4-2020-yyl-026.jpg

ချဉ်ရည်ဟင်းပဲချက်စားစား၊ ငါးနဲ့ပဲချက်ချက်၊ မီးကင်ပြီး ဟင်းခါးပဲချက်သောက်သောက် အဆင်ပြေပြီး စားကောင်းတဲ့အသီးလေးတစ်ခုပေါ့။ ဟင်းရဲ့ ရနံ့ကိုလည်း တိုးစေလို့ တော်တော်များများကြိုက်ကြပါတယ်။ ဒန့်သလွန်သီးရဲ့ အစွမ်းသတ္တိက ဒီလောက်နဲ့ပဲပြီးသွားတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးပေးပါသေးတယ်။ ဒန့်သလွန်ပင်က အိန္ဒိယ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်တို့မှာပေါက်ရောက်ကြပါတယ်။ အပူပိုင်းဒေသမှာပေါက်ရောက်ရှင်သန်တဲ့ အပင်တစ်မျိုးပါ။ တစ်ပင်လုံးနီးပါးဆေးဖက်ဝင်ပါတယ်။

ဒန့်သလွန်သီးမှာ ဘယ်လိုအာဟာရဓါတ်တွေပါဝင်နေလဲ

ပရိုတင်း၊
ဗီတာမင် B6၊
ဗီတာမင် C၊
သံဓါတ်၊
ဗီတာမင် B2၊
ဗီတာမင် A၊
မဂ္ဂနီဆီယမ်တို့ပါဝင်နေပါတယ်။
ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ

အရေပြားနဲ့ ဆံသားတွေကို အာဟာရဖြည့်ပေးတယ်

အရေပြားနဲ့ ဆံသားတွေကို Free Radicalတွေကြောင့် ထိခိုက်ပျက်စီးတာတွေကနေကာကွယ်ပေးပါတယ်။ ကျန်းမာသန်စွမ်းစေနိုင်ပြီး အရေပြားဆဲလ်တွေထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ရေဓါတ်ဖြည့်ပေးပြီး အဆိပ်အတော်ကတွေကို ဖယ်ရှားပေးပါတယ်။ အရေပြားမှာပိုးတွေကူးစက်တာကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။

အသည်းကျန်းမာစေနိုင်တယ်

ဆေးဝါးတွေကြောင့် အသည်းထိခိုက်မှုတွေကနေကာကွယ်ပေးပါတယ်။ အသည်းရောဂါရှိသူတွေအနေနဲ့ စားသုံးပေးသင့်တဲ့ ဓါတ်စာတစ်ခုပေါ့။

ကင်ဆာကာကွယ်ပေးနိုင်တယ်

ဒန့်သလွန်သီးစားသုံးပေးမှုက ကင်ဆာ ကာကွယ်ဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။ ဒန့်သလွန်သီးမှာပါတဲ့niazimicinဒြပ်ပေါင်းက ကင်ဆာဆဲလ်တွေပွားမလာအောင် ထိန်းချုပ်ပေးနိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်းကိုကျန်းမာစေနိုင်တယ်

အစာအိမ်ပြဿနာတွေကို ကင်းဝေးစေသလို၊ ဝမ်းချုပ်တာ၊လေပွတာနဲ့လေနာဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် B ကြွယ်ဝစွာပါဝင်တာကြောင့် အစာကြေစေဖို့ အထောက်အကူပြုပေးပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေ၊ အရေပြားမှာ ဘက်တီးရီးယားနဲ့ မှိုပိုးကူးစက်တာတွေကို ကာကွယ်ဖို့ အသုံးပြုလို့ရပါတယ်။

အရိုးတွေကို သန်မာစေနိုင်တယ်

ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်ဓါတ်တွေပါဝင်တာကြောင့် အရိုးတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အရိုးကျိုးထားသူတွေစားပေးသင့်တဲ့ ဓါတ်စာပါ။

စိတ်ခံစားမှုကောင်းစေနိုင်တယ်

စိတ်ဓါတ်ကျတာ၊ စိုးရိမ်စိတ်များတာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်

ဒန့်သလွန်သီးမှာ ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် နှလုံးထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး နှလုံးကို ကျန်းမာစေနိုင်ပါတယ်။

အနာကျက်စေနိုင်တယ်

အနာကျက်စေနိုင်သလို အနာကြောင့် အမာရွတ်တွေမကျန်စေဖို့လည်း အထောက်အကူပြုပေးနိုင်ပါတယ်။

ဆီးချိုအတွက် သင့်တော်တယ်

သွေးတွင်းသကြားဓါတ်ကိုလျော့ကျစေပြီးသွေးဖြူဥဆဲလ်တွေကို တိုးစေနိုင်တာကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလို ဆီးချိုထိန်းညှိရာမှာလည်းတော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။

ပန်းနာရင်ကြပ်သက်သာစေနိုင်တယ်

အဆုတ်ရဲ့ လုပ်ဆောင်မှုကိုကောင်းမွန်စေနိုင်ပြီး အသက်ရှုလမ်းကြောင်းကိုကျန်းမာစေပါတယ်။ ပန်းနာရင်ကြပ်ရောဂါကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။

ကျောက်ကပ်ကျန်းမာစေတယ်

ကျောက်ကပ်မှာကျောက်တည်တာ၊ ဆီးအိမ်မှာကျောက်တည်တာတွေအတွက် အသုံးပြုလို့ရပါတယ်။ ဒန့်သလွန်သီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့်ကျောက်ကပ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီးကျောက်ကပ်ကို ကျန်းမာစေနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ်

ဒန့်သလွန်သီးမှာisothiocyanate နဲ့ niaziminin တို့ပါဝင်နေတာကြောင့်သွေးကြောတွေထဲမှာသွေးလည်ပတ်စီးမှုကိုကောင်းမွန်စေပြီးသွေးတိုးတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။သွေးတိုးရှိသူတွေ စားသုံးဖို့ သင့်တော်ပါတယ်။

မျက်လုံးကျန်းမာစေနိုင်တယ်

ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့အတွက်` အမြင်အာရုံကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ မျက်လုံးတွင်းသွေးကြောလေးတွေကို ကျန်းမာစေပြီး အမြင်အာရုံကောင်းမွန်စေနိုင်ပါတယ်။

ခန္ဓါကိုယ်အတွက် အကျိုးများတဲ့ ဒန့်သလွန်သီးလေးကို စားသုံးပေးရင်း အခုပြောခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။

Ref : hellosayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top