yyl-007-10.jpg

ကမ္ဘာကြီးပူနွေးလာလို့ တိမ်ကောသွားတဲ့ ရေခဲမြစ်အတွက် အောက်မေ့တသခြင်း အခမ်းအနား ကျင်းပ

ကမ္ဘာကြီးပူနွေးလာလို့ တိမ်ကောသွားတဲ့ ဆွစ်ဇာလန်နိုင်ငံက ရေခဲမြစ်အတွက် အဲလ်ပ်တောင်တန်းပေါ်မှာ အောက်မေ့တသမှု အခမ်းအနား ကျင်းပခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ အရှေ့မြောက်ပိုင်း ဂလာရုစ်အဲလ်ပ်တောင်တန်းပေါ်မှာရှိတဲ့ ပိုင်ဇိုရေခဲမြစ်ဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အနည်းဆုံး ၈၀ ရာခိုင်နှုန်းအထိ သေးငယ်သွားတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။…