ကမ္ဘာကြီးပူနွေးလာလို့ တိမ်ကောသွားတဲ့ ရေခဲမြစ်အတွက် အောက်မေ့တသခြင်း အခမ်းအနား ကျင်းပ

yyl-007-10.jpg

ကမ္ဘာကြီးပူနွေးလာလို့ တိမ်ကောသွားတဲ့ ဆွစ်ဇာလန်နိုင်ငံက ရေခဲမြစ်အတွက် အဲလ်ပ်တောင်တန်းပေါ်မှာ အောက်မေ့တသမှု အခမ်းအနား ကျင်းပခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ အရှေ့မြောက်ပိုင်း
ဂလာရုစ်အဲလ်ပ်တောင်တန်းပေါ်မှာရှိတဲ့ ပိုင်ဇိုရေခဲမြစ်ဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အနည်းဆုံး ၈၀ ရာခိုင်နှုန်းအထိ သေးငယ်သွားတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ပိုင်ဇိုရေခဲမြစ် တိမ်ကောသွားတာကို အောက်မေ့တသတဲ့အနေနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဈာပနချီတက်ပွဲ ကျင်းပခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ယနေ့အချိန်မှာ လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် ၂၀၅၀ ပြည့်နှစ်ရောက်ရင် ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ ရေခဲမြစ် တစ်ဝက်နီးပါးလောက် ကွယ်ပျောက်သွားလိမ့်မယ်လို့ ဆွစ်ဇာလန်သုတေသီတွေက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း အိုက်စလန်နိုင်ငံက နှစ်သက်တမ်း ၇၀၀ ရှိတဲ့ အော့ဂျိုကူရေခဲမြစ် ကွယ်ပျောက်သွားတာကို အောက်မေ့တသတဲ့ အခမ်းအနား ကျင်းပခဲ့ပါသေးတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top