64257766_2371978159726592_3721532129113276416_n-1.jpg

ပညာသင်စရိတ်ထောက်ပံ့ငွေလျှောက်ထားလိုသူတွေ ပြေတီဦးဖောင်ဒေးရှင်းမှာ စတင်လျှောက်ထားနိုင်

ရုပ်ရှင်သရုပ်ဆောင်ပြေတီဦးက ပညာရေးဖောင်ဒေးရှင်းအနေနဲ့ ဇွန်လ (၁၁) ရက်နေ့က အလှူလုပ်ဖြစ်ခဲ့တဲ့အကြောင်းကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့တာကို တွေ့ရပါတယ်။ ပထမဆုံးလှူဒါန်းဖြစ်တဲ့နေရာလေးက ရုပ်ရှင်အစည်းအရုံးဖြစ်ပြီး ရုပ်ရှင်လောကသားတွေရဲ့သားသမီးလေးတွေ ကျောင်းအပ်တဲ့အခါ အထောက်အပံ့လေးဖြစ်အောင် ကျောင်းသုံးဗလာစာအုပ် (၃၀၀) လှူဒါန်းခဲ့ပါတယ်။ ဒုတိယနေရာက ဝင်္ကပါလမ်းထဲမှာရှိတဲ့ မြန်မာအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအသင်းဖြစ်ပြီး…