ပညာသင်စရိတ်ထောက်ပံ့ငွေလျှောက်ထားလိုသူတွေ ပြေတီဦးဖောင်ဒေးရှင်းမှာ စတင်လျှောက်ထားနိုင်

64257766_2371978159726592_3721532129113276416_n-1.jpg

ရုပ်ရှင်သရုပ်ဆောင်ပြေတီဦးက ပညာရေးဖောင်ဒေးရှင်းအနေနဲ့ ဇွန်လ (၁၁) ရက်နေ့က အလှူလုပ်ဖြစ်ခဲ့တဲ့အကြောင်းကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့တာကို တွေ့ရပါတယ်။

ပထမဆုံးလှူဒါန်းဖြစ်တဲ့နေရာလေးက ရုပ်ရှင်အစည်းအရုံးဖြစ်ပြီး ရုပ်ရှင်လောကသားတွေရဲ့သားသမီးလေးတွေ ကျောင်းအပ်တဲ့အခါ အထောက်အပံ့လေးဖြစ်အောင် ကျောင်းသုံးဗလာစာအုပ် (၃၀၀) လှူဒါန်းခဲ့ပါတယ်။

ဒုတိယနေရာက ဝင်္ကပါလမ်းထဲမှာရှိတဲ့ မြန်မာအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအသင်းဖြစ်ပြီး အဲဒီမှာ ပညာသင်ကြားနေတဲ့ကလေးတွေအတွက် ဗလာစာအုပ် (၁၀၄) ဒါဇင် လှူဒါန်းမှုတွေပြုလုပ်ခဲ့သလို အခြားသူတွေကို သွားလှူဒါန်းချင်ရင်လည်း လှူဒါန်းကြဖို့ ပြေတီဦးက တိုက်တွန်းရေးသားထားပါတယ်။

ဒါ့အပြင် (၁၀) တန်းစာမေးပွဲကို ထူးချွန်စွာ အောင်မြင်ပြီး တက္ကသိုလ်တက်ရောက်ဖို့ ငွေကြေးအခက်ခဲဖြစ်နေတဲ့သူတွေကို ပြေတီဦးဖောင်ဒေးရှင်းက လျှောက်လွှာတွေလည်း ခေါ်ယူနေပြီလို့ သိရပါတယ်။

ပြေတီဦးပညာရေးဖောင်ဒေးရှင်းအဖွဲ့က ပညာသင်စရိတ်အမှန်တကယ်လိုအပ်သူတွေကို ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၁၀ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပါတယ်။ အခုနှစ် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်မှာ ဆေးတက္ကသိုလ်တက်ရောက်မယ့် ကျောင်းသား/ကျောင်းသူ (၅) ဦး၊ စစ်တက္ကသိုလ်တက်ရောက်မယ့် ကျောင်းသား/ကျောင်းသူ (၅) ဦး၊ ဥပဒေကျောင်းတက်ရောက်မယ့် ကျောင်းသား/ကျောင်းသူ (၂) ဦး၊ စုစုပေါင်း (၁၂) ဦးတို့ကို ပညာသင်စာရိတ်ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

Ref: Pyay Ti Oo’s facebook and Thanoo Kyaw’s facebook
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top