bon-lone.jpg

ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်

ရေစပ်နားမှာပေါက်နေတဲ့ ဗုံလုံပင်မှ အသီးကလေးတွေ ရေပေါ်ကြွေရာတဲ့အခါ ငါးကဟပ်လိုက် ရေရိုက်ခတ်တဲ့အခါ ရေအောက်ကနေ ရေပေါ်သို့ပြန်ပေါ်လာလိုက်၊ ငါးပျံကတစ်လှည့် ခုန်မြောက်လိုက်ဟပ်လိုက်နဲ့ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်နဲ့ မြုပ်ချည်ပေါ်ချည်ဖြစ်နေခြင်းကို ဆိုလိုတာပဲဖြစ်ပါတယ်။ အမြဲတသမတ်တည်း မတည်တံ့တဲ့ နိမ့်ချည်၊ မြင့်ချည်၊ ကျချည်၊ တက်ချည်…