sg_bus_01.jpg

မောင်းသူမဲ့ဘတ်စ်ကားလိုင်းစနစ်သစ်ကို စမ်းသပ်ပြေးဆွဲတော့မယ့် စင်္ကာပူ

စင်္ကာပူနိုင်ငံမှာတော့ ယာဉ်ကြောပိတ်ဆို့ကိုအထိုက်အလျောက်ပြေလည်စေမယ့် မောင်းသူမဲ့ဘတ်စ်ကားလိုင်းစနစ်တစ်မျိုးကို လာမယ့်သီတင်းပတ်အတွင်း စတင်စမ်းသပ်ပြေးဆွဲတော့မှာပါ။ နိုင်ငံတွင်းမှာ တီထွင်ဖန်တီးထားတဲ့ မောင်းသူမဲ့ယာဉ်လိုနည်းပညာသစ်တွေကို စမ်းသပ်နေတဲ့စင်္ကာပူဟာ ပြည်ပနည်းပညာသစ်တွေ လာရောက်စမ်းသပ်ကြရာနည်းပညာရပ်ဝန်းတစ်ခုလည်းဖြစ်လာနေပါတယ်။ စမ်းသပ်ပြေးဆွဲမယ့်ကာလကို သြဂုတ် (၂၆) ကနေ နိုဝင်ဘာ (၁၅) ရက်အထိသတ်မှတ်ထားပြီး ဆန်တိုဆာကျွန်းအပန်းဖြေစခန်းက (၃)…