မောင်းသူမဲ့ဘတ်စ်ကားလိုင်းစနစ်သစ်ကို စမ်းသပ်ပြေးဆွဲတော့မယ့် စင်္ကာပူ

sg_bus_01.jpg

စင်္ကာပူနိုင်ငံမှာတော့ ယာဉ်ကြောပိတ်ဆို့ကိုအထိုက်အလျောက်ပြေလည်စေမယ့် မောင်းသူမဲ့ဘတ်စ်ကားလိုင်းစနစ်တစ်မျိုးကို လာမယ့်သီတင်းပတ်အတွင်း စတင်စမ်းသပ်ပြေးဆွဲတော့မှာပါ။ နိုင်ငံတွင်းမှာ တီထွင်ဖန်တီးထားတဲ့ မောင်းသူမဲ့ယာဉ်လိုနည်းပညာသစ်တွေကို စမ်းသပ်နေတဲ့စင်္ကာပူဟာ ပြည်ပနည်းပညာသစ်တွေ လာရောက်စမ်းသပ်ကြရာနည်းပညာရပ်ဝန်းတစ်ခုလည်းဖြစ်လာနေပါတယ်။

စမ်းသပ်ပြေးဆွဲမယ့်ကာလကို သြဂုတ် (၂၆) ကနေ နိုဝင်ဘာ (၁၅) ရက်အထိသတ်မှတ်ထားပြီး ဆန်တိုဆာကျွန်းအပန်းဖြေစခန်းက (၃) မိုင်ခွဲအကွာအဝေးလမ်းကြောင်းမှာ မောင်းသူမပါဝင်တဲ့ မီနီဘတ်စ် (၄) စီးနဲ့ ပြေးဆွဲသွားမယ်လို့ဆိုထားပါတယ်။

မောင်းသူမဲ့ဘပ်စ်ကားလိုင်းစနစ်သစ်

မောင်းသူမဲ့ဘတ်စ်ကားလိုင်းစနစ်သစ်

တကယ်ပြေးဆွဲတဲ့အချိန်ကျရင် ဖုန်း App ထဲမှာလာရောက်ခေါ်ဆောင်ရမယ့်နေရာနဲ့ ပို့ပေးရမယ့်နေရာတွေကိုရွေးချယ်ပြီး လက်မှတ်ကြိုတင်ဝယ်ယူနိုင်မယ့်စနစ်ကို အသုံးပြုသွားမှာပါ။ ဖုန်းမရှိသူနေသူတွေအတွက်လည်း လမ်းကြောင်းတစ်လျှောက်မှာ လက်မှတ်ရောင်းချတဲ့နေရာတွေထားရှိပေးမှာဖြစ်ပြီး ရုံးတက်ရက်တွေအတွင်း တစ်ရက်ကို (၄) နာရီကြာ ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဒီဘပ်စ်ကားတွေမှာ နည်းပညာမြင့် ဘက်စုံသုံးအာရုံခံစနစ်ထည့်သွင်းထားတဲ့အပြင် ရှုပ်ထွေးပိတ်ဆို့မှုများပြားတဲ့လမ်းတွေမှာမောင်းနှင်နိုင်စွမ်းရှိအောင်တည်ဆောက်ထားတယ်လို့ ST Engineering ရဲ့ အမှုဆောင်အရာရှိ ချုပ် Vincent Chong က ပြောထားပါတယ်။ ဒါပေမဲ့ ဘတ်စ်ကားတိုင်းအတွက် အရေးပေါ်အခြေအနေမျိုးကြုံချိန်ထိန်းချုပ်ကိုင်တွယ်ပေးနိုင်ဖို့အတွက် ယာဉ်မောင်းတစ်ဦးစီတော့ ထားရှိပေးမှာပါ။

မောင်းသူမဲ့ဘပ်စ်ကားလိုင်းစနစ်သစ်

မောင်းသူမဲ့ဘတ်စ်ကားလိုင်းစနစ်သစ်

ကုမ္ပဏီအနေနဲ့ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဘတ်စ်ကားအရေအတွက်နဲ့ လမ်းကြောင်းအသစ်တွေ တိုးချဲ့ပြေးဆွဲသွားနိုင်ဖို့ရည်မှန်းထားပြီး ယာဉ်မောင်းရှားပါးလာမှုပြဿနာကိုပါ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

Ref: SpecialDaily “Singapore to trial driverless buses booked with an app”
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top