indo01.jpg

ဘော်နီယိုကျွန်းပေါ်မှာတည်ဆောက်သွားမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်အသစ်

သစ်တောကြီးတွေနဲ့အုံ့ဆိုင်းနေတဲ့ ဘော်နီယိုကျွန်းအရှေ့ပိုင်းဒေသကတော့ ခေတ်မီအဆောက်အဦတွေများစွာရှိနေတဲ့ မြို့တော်ကြီးတစ်ခုအဖြစ်ကို မကြာခင်အသွင်ပြောင်းလဲလာတော့မှာပါ။ အကြောင်းကတော့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက နိုင်ငံရဲ့ရုံးစိုက်ရာမြို့တော်ကို အသစ်တည်ဆောက်ရွှေ့ပြောင်းတော့မယ်လို့ တနင်္လာနေ့မှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့လို့ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေ သန်း (၂၇၀) ကျော်ရှိပြီး ဂျာကာတာမြို့မှာ…