ဘော်နီယိုကျွန်းပေါ်မှာတည်ဆောက်သွားမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်အသစ်

indo01.jpg

သစ်တောကြီးတွေနဲ့အုံ့ဆိုင်းနေတဲ့ ဘော်နီယိုကျွန်းအရှေ့ပိုင်းဒေသကတော့ ခေတ်မီအဆောက်အဦတွေများစွာရှိနေတဲ့ မြို့တော်ကြီးတစ်ခုအဖြစ်ကို မကြာခင်အသွင်ပြောင်းလဲလာတော့မှာပါ။ အကြောင်းကတော့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက နိုင်ငံရဲ့ရုံးစိုက်ရာမြို့တော်ကို အသစ်တည်ဆောက်ရွှေ့ပြောင်းတော့မယ်လို့ တနင်္လာနေ့မှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့လို့ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေ သန်း (၂၇၀) ကျော်ရှိပြီး ဂျာကာတာမြို့မှာ နေထိုင်သူဦးရေကတော့ ခန့်မှန်းချေအားဖြင့် သန်း (၃၀) ကျော်လောက်ရှိပါတယ်။ ဒါကြောင့် ဂျာကာတာမြို့ကို ကမ္ဘာ့မြို့ပြနေလူဦးရေအထူထပ်ဆုံးမြို့တော်တွေထဲက တစ်ခုလို့ သတ်မှတ်ထားကြပါတယ်။

ဂျာကာတာမြို့ဟာ ရွံ့ညွန်မြေသားပေါ်မှာတည်ရှိနေတာဖြစ်ပြီး မြို့ရဲ့မြောက်ဘက်ပိုင်းဟာလည်း ပင်လယ်နဲ့ထိစပ်နေ တာကြောင့် ရေနစ်မြုပ်ခံရချေများပြားပါတယ်။ လက်ရှိမှာ မြေအောက်ရေထုတ်ယူသုံးစွဲမှုများပြားလွန်းမှုကြောင့် ဂျာဗားပင်လယ်အောက်ကို စိုးရိမ်ဖွယ်ရာအမြန်နှုန်းနဲ့ တဖြည်းဖြည်းနစ်မြုပ်နေပြီး ကမ္ဘာပေါ်က ရေအောက်နစ်မြုပ်မှုအမြန်ဆုံးမြို့ တွေထဲမှာလည်း တစ်မြို့အပါအဝင်ဖြစ်လာခဲ့ပါတယ်။

ရေအောက်ကိုနစ်မြုပ်မှုတဖြည်းဖြည်းမြန်ဆန်လာတဲ့အပြင် အကြပ်အတည်းပေါင်းများစွာနဲ့ ဂျာကာတာမြို့ရဲ့အခြေအနေ တွေက မြို့တော်အသစ်တစ်ခုလိုအပ်လာကြောင်းကို ဂရုပြုမိလာစေခဲ့တာပါတယ်။ ဒါကြောင့် နိုင်ငံရဲ့မြို့တော်ကို ရွှေ့ပြောင်းတည်ဆောက်ဖို့ဆုံးဖြတ်ခဲ့ကြပြီး ဒီအစီအစဉ်က အရင်းအနှီးကြီးလွန်းသလို အတော်လည်းခက်ခဲတဲ့ကိစ္စတစ်ခု လို့ သမ္မတ ဝီဒိုဒိုက ထုတ်ဖော်ပြောဆိုထားပါတယ်။

လက်ရှိပြောင်းရွှေ့ဖို့လျာထားတဲ့ ဘော်နီယိုကျွန်းရဲ့ှုအရှေ့ပိုင်းဧရိယာဟာ ဖွံ့ဖြိုးမှုနည်းပါးနေသေးတဲ့ ဆာမာရင်ဒါနဲ့ ဘာလစ်ခ် ပါပန်မြို့တွေရဲ့အနီးမှာရှိနေပြီး အင်ဒိုနီးရှားနိုင်ငံအတွက် အဓိကဝင်ငွေရလုပ်ငန်းဖြစ်တဲ့ ဓာတ်အားထုတ်စက်ရုံတွေနဲ့လည်း အတော်လေးဝေးတဲ့နေရာ ဖြစ်ပါတယ်။

မြို့တော်ရွှေ့ပြောင်းတည်ဆောက်မယ့်စီမံကိန်းအတွက် ကုန်ကျစရိတ်က ရူပီး (၄၈၆) ထရီလျံ (အမေရိကန်ဒေါ်လာ ၃၄ ဘီလျံ) ဝန်းကျင်ရှိနိုင်ပြီး စီမံကိန်းကာလကတော့ (၁၀) နှစ်လောက်ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ မြို့တော်အသစ် အတွက် အမည်မသတ်မှတ်ရသေးပေမဲ့ ပြောင်းရွှေ့မယ့်အစီအစဉ်တွေကိုတော့ ပြီးခဲ့တဲ့ဧပြီလကတည်းက ထုတ်ပြန်ခဲ့ပြီး စတင်အကောင်အထည်ဖော်ဖို့အတွက် လွှတ်တော်ရဲ့ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Ref: CNN “Indonesia will build its new capital city in Borneo as Jakarta sinks into the Java Sea”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top