တိရစ္ဆာန်ဥယျာဉ်တစ်ခုမှာ သက်တမ်းအရင့်ဆုံးတိရစ္ဆာန်လိပ်ကြီး သေဆုံး
ဆန်ဖရန်စစ္စကို တိရစ္ဆာန်ဥယျာဉ်ရှိ သက်တမ်းအရင့်ဆုံးတိရစ္ဆာန်တစ်ကောင် သေဆုံးသွားခဲ့ပါတယ်။ မိုဂျာဗေးလို့ အမည်ရတဲ့ လိပ်ကြီးဖြစ်ပြီး အခုနှစ်အစောပိုင်းကတည်းက ကျောရိုးနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာတစ်ခုခံစားလာခဲ့ရတာပါ။ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူနဲ့ ဆေးကုသရေးဝန်ထမ်းတွေက မိုဂျာဗေးရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်စစ်ဆေးခဲ့ရပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအခြေအနေဆိုးရွားလာခဲ့ပြီး တိရစ္ဆာန်ဥယျာဉ်ရဲ့တာဝန်ရှိသူတွေက နိုဝင်ဘာ၁၉ ရက်နေ့မှာ သူ့ကို နာကျင်မှုမရှိစေဖို့…

