ကမ္ဘာ့အသက်အကြီးဆုံး ကုန်းနေသတ္တဝါအဖြစ် စံချိန်တင်ပြီး သက်တမ်း ၁၉၁ နှစ် ပြည့်ခဲ့တဲ့ လိပ်ကြီး ဂျိုနသန်

5.12.23-yyl-1.jpg

ကမ္ဘာ့အသက်အကြီးဆုံး ကုန်းနေသတ္တဝါအဖြစ် စံချိန်တင်ထားတဲ့ လိပ်ကြီး ဂျိုနသန်ဟာ အသက် ၁၉၁ နှစ် ပြည့်မြောက်သွားခဲ့ပါပြီ။ Seychelles လိပ်ကြီးမျိုးဖြစ်တဲ့ ဂျိုနသန်ဟာ တောင်ပိုင်းအတ္တလန္တိတ်သမုဒ္ဒရာထဲက ဗြိတိန်ရဲ့ ရေမြေခြားပိုင်နက်ဖြစ်တဲ့ စိန့်ဂယ်လီနာကျွန်းမှာ ပေါက်ဖွားခဲ့တာပါ။

သူ့ရဲ့သက်တမ်းအတွင်း ဗြိတိန်ထီးနန်း ပြောင်းလဲမှု ၈ ဆက်ရှိခဲ့ပြီး အမေရိကန်သမ္မတ ပြောင်းလဲမှု ၄၁ ကြိမ် ရှိခဲ့ပါတယ်။ အသက် အလွန်အမင်း ကြီးရင့်လာတာကြောင့် ဂျိုနသန်ဟာ အနံ့ပျောက်တာ၊ အမြင်အာရုံ ဝေဝါးတာ အစရှိတဲ့ စိန်ခေါ်မှုတွေ ကြုံနေပေမဲ့ ထိန်းသိမ်းစောင့်ရှောက်သူ ဂျိုးဟိုလင်က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ ဂရုတစိုက် ကျွေးမွေးနေပြီး ဂျိုနသန်ကလည်း အစာစားချင်စိတ် ထက်သန်နေဆဲဖြစ်လို့ ယခုထက်ထိ အသက်ရှည်တာ ဖြစ်ပါတယ်။

Ref: World’s Oldest Living Land Animal Celebrates 191st Birthday

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top