ဂျိုနသန်လို့ အမည်ရတဲ့ လိပ်ကြီးရဲ့ အသက်ဟာ ၁၉၄ နှစ်ဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံး ကုန်းနေသတ္တဝါအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။
ဂျိုနသန်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အသက်အရှည်ဆုံးဖြစ်တဲ့ ဆေးရှဲလ် ဧရာမလိပ်ဘီလူး မျိုးနွယ်ဝင်ဖြစ်ပြီး ၁၈၈၂ ခုနှစ် အသက် ၅၀ အရွယ်မှာဘဲ ဗြိတိန်နိုင်ငံရဲ့ ရေမြေခြားပိုင်နက်ဖြစ်တဲ့ စိန့်ဟယ်လီနာကျွန်းကို ရောက်ရှိလာခဲ့တာပါ။
စိန့်ဟယ်လီနာကျွန်းမှာ လူချစ်လူခင် ပေါများတဲ့ ဂျိုနသန်ဟာ တော်ဝင်မိသားစုနဲ့ တွေ့ဆုံခွင့် ရရှိခဲ့ဖူးပြီး မင်္ဂလာပွဲ အခမ်းအနားတွေမှာ ပါဝင်ခဲ့ဖူးသလို ကမ္ဘာလှည့် ခရီးသည်တွေကြား ရေပန်းစားပါတယ်။
ဂျိုနသန်ဟာ အမြင်အာရုံနဲ့ အနံ့ခံအာရုံ ဆုံးရှုံးသွားပေမဲ့ အစားအစာ စားသောက်နေနိုင်ဆဲဖြစ်ပြီး နေပူစာလှုံတာ၊ သားဖောက်တာတွေ လုပ်နိုင်စွမ်း ရှိနေဆဲပဲလို့ ထိန်းသိမ်းစောင့်ရှောက်သူတွေက ဆိုပါတယ်။
Ref: World’s oldest living land animal extends record to 194 years
NZ (ရိုးရာလေး)

