older-woman-and-hypertension-PY3CHFN-scaled.jpg

သွေးတိုးရောဂါအတွက် လေ့ကျင့်ခန်းလမ်းညွှန်

သွေးတိုးခြင်းအတွက် လေ့ကျင့်ခန်းအကြံပေးချက်တွေကဘာတွေလဲ လေ့ကျင့်ခန်းလုပ်ခြင်းကသင့်ရဲ့သွေးတိုးကိုကျစေပါတယ်။ လေ့ကျင့်ခန်းကသင့်ကိုခွန်အားတွေပေးတဲ့အပြင်သင့်ရဲ့စိတ်ဖိစီးမှုတွေကိုကျော်လွန်ပြီးနေလို့ကောင်းစေပါတယ်။ သင်ကလောလောဆယ်လှုပ်ရှားမှုသိပ်မရှိဘူးဆိုရင်သင့်ဆရာဝန်နဲ့အရင်တွေ့ပါ။ သူကသင့်ကိုလေ့ကျင့်ခန်းလုပ်ဖို့အဆင်သင့်ဖြစ်အောင်ကူညီပေးပါလိမ့်မယ်။ လှုပ်လှုပ်ရှားရှားနေခြင်းကသင်သွေးတိုးအတွက်ကောင်းစေတဲ့အတွက်သင့်ဆရာဝန်ကအားကြိုးမာန်တက်ကူညီပါလိမ့်မယ်။ သင်ကြိုက်တဲ့လှုပ်ရှားမှုကိုလုပ်နိုင်ပြီးဒီအတွက် Gym သွားဖို့မလိုပါဘူး။ သင်လှုပ်ရှားနေပြီးနှလုံးခုန်အနည်းငယ်မြန်စေပြီးနည်းနည်းမောနေရင်အဆင်ပြေပါတယ်။ ဒါတွေထဲမှာအမြန်လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊စက်ဘီစီးခြင်း၊အလေးမခြင်းနဲ့ခြံအလုပ်လုပ်ခြင်းတွေပါဝင်ပါတယ်။ သင့်အတွက်လှုပ်ရှားမှုရွေးချယ်ဖို့ကသင့်ကိုယ်ကိုပြန်မေးရမယ့်မေးခွန်းနှစ်ခုရှိပါတယ်။ ဘာကပျော်စရာကောင်းလဲ တစ်ယောက်တည်းလေ့ကျင့်ခန်းလုပ်မှာလား ။ အဖွဲ့နဲ့လုပ်မှာလား။ ဘယ်လိုလေ့ကျင့်ခန်းမျိုးကအကောင်းဆုံးလဲ။…