သွေးတိုးရောဂါအတွက် လေ့ကျင့်ခန်းလမ်းညွှန်

older-woman-and-hypertension-PY3CHFN-scaled.jpg

သွေးတိုးခြင်းအတွက် လေ့ကျင့်ခန်းအကြံပေးချက်တွေကဘာတွေလဲ

လေ့ကျင့်ခန်းလုပ်ခြင်းကသင့်ရဲ့သွေးတိုးကိုကျစေပါတယ်။ လေ့ကျင့်ခန်းကသင့်ကိုခွန်အားတွေပေးတဲ့အပြင်သင့်ရဲ့စိတ်ဖိစီးမှုတွေကိုကျော်လွန်ပြီးနေလို့ကောင်းစေပါတယ်။

သင်ကလောလောဆယ်လှုပ်ရှားမှုသိပ်မရှိဘူးဆိုရင်သင့်ဆရာဝန်နဲ့အရင်တွေ့ပါ။ သူကသင့်ကိုလေ့ကျင့်ခန်းလုပ်ဖို့အဆင်သင့်ဖြစ်အောင်ကူညီပေးပါလိမ့်မယ်။ လှုပ်လှုပ်ရှားရှားနေခြင်းကသင်သွေးတိုးအတွက်ကောင်းစေတဲ့အတွက်သင့်ဆရာဝန်ကအားကြိုးမာန်တက်ကူညီပါလိမ့်မယ်။

သင်ကြိုက်တဲ့လှုပ်ရှားမှုကိုလုပ်နိုင်ပြီးဒီအတွက် Gym သွားဖို့မလိုပါဘူး။ သင်လှုပ်ရှားနေပြီးနှလုံးခုန်အနည်းငယ်မြန်စေပြီးနည်းနည်းမောနေရင်အဆင်ပြေပါတယ်။ ဒါတွေထဲမှာအမြန်လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊စက်ဘီစီးခြင်း၊အလေးမခြင်းနဲ့ခြံအလုပ်လုပ်ခြင်းတွေပါဝင်ပါတယ်။

သင့်အတွက်လှုပ်ရှားမှုရွေးချယ်ဖို့ကသင့်ကိုယ်ကိုပြန်မေးရမယ့်မေးခွန်းနှစ်ခုရှိပါတယ်။

ဘာကပျော်စရာကောင်းလဲ

တစ်ယောက်တည်းလေ့ကျင့်ခန်းလုပ်မှာလား ။ အဖွဲ့နဲ့လုပ်မှာလား။

ဘယ်လိုလေ့ကျင့်ခန်းမျိုးကအကောင်းဆုံးလဲ။

အခြေခံအားဖြင့်လေ့ကျင့်ခန်းသုံးမျိုးရှိပါတယ်။

နှလုံးနဲ့သွေးကြောလေ့ကျင့်ခန်းများ/ အေရိုးဗစ်လေ့ကျင့်ခန်းများ စတာတွေကသင့်ရဲ့သွေးတိုးကိုကျစေပြီးသင့်ရဲ့ နှလုံးကိုပိုပြီးသန်မာစေပါတယ်။ဥပမာ – လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ကြိုးခုန်ခြင်း၊စက်ဘီးစီးခြင်း၊ စကိတ်စီးခြင်း၊ လှေလှော်ခြင်း၊ အေရိုးဗစ်ရေကူးခြင်းနဲ့ ရေထဲတွင်အေရိုးဗစ်ကစားခြင်း

ခွန်အားလေ့ကျင့်ခြင်းကသင့်ရဲ့ကြွက်သားတွေကိုသန်မာအောင်တည်ဆောက်ပေးပါတယ်။ ဒါကသင့်ရဲ့ကယ်လိုရီတွေကိုတစ်နေ့လုံးပိုမိုလောင်ကျွမ်းစေပါတယ်။ ဒါကသင့်ရဲ့အဆစ်နဲ့အရိုးတွေအတွက်လည်းကောင်းပါတယ်။

အကြောလျှော့ခြင်းကသင့်ကိုပိုပြီးပျော့ပြောင်းစေတဲ့အပြင်သင့်ကိုပိုပြီးလှုပ်ရှားလို့အဆင်ပြေစေကာအနာတရဖြစ်ခြင်းမှကူညီကာကွယ်ပေးပါတယ်။

လေ့ကျင့်ခန်းကိုဘယ်လောက်တစ်ခါလုပ်သင့်လဲ

အမြန်လမ်းလျှောက်ခြင်းလိုမျို းအလယ်အလတ်လှုပ်ရှားမှုတွေဆိုရင် တစ်ရက်မိနစ်၃၀နှုန်းနဲ့တစ်ပတ်၅ရက်လုပ်ပါ။ တကယ်လို့အချိန်အဲဒီလောက်မရဘူးဆိုရင်ပြေးခြင်းလိုမျိုးပြင်းထန်တဲ့လေ့ကျင့်ခန်းကိုတစ်နေ့မိနစ်၂၀နှန်းတစ်ပတ်၃ရက်မှ၄ရက်လုပ်ပါ။

တကယ်လို့ သင်ကဒီနေ့ထိ လှုပ်လှုပ်ရှားရှားသိပ်မလုပ်ဘူးဆိုရင် အပေါ်ကပမာဏအထိ ဖြည်းဖြည်းချင်းလေ့ကျင့်သွားပါ။ အဲဒီလောက်ထိရောက်ဖို့ရက်သတ္တပတ်အနည်းငယ်ကြာလည်းအဆင်ပြေပါတယ်။

ပထမဆုံး သွေးပူအောင်လုပ်ပါ။၅မိနစ်ကနေ၁၀မိနစ်အထိ သွေးပူစေခြင်းကသင့်ရဲ့ ကိုယ်ကိုလှုပ်ရှားရ ပိုအဆင်ပြေစေတဲ့အပြင်အနာတရဖြစ်ခြင်းမှ လည်းကာကွယ်ပေးပါတယ်။

နောက်တစ်ခုက လေ့ကျင့်ခန်းအပြင်းအပျော့ကိုချိန်ဆပါ။ အလွန်အကျွံမလုပ်ပါနဲ့။ သင့်အနေနဲ့ လေ့ကျင့်ခန်းလုပ်နေစဉ် စကားပြောနိုင်တဲ့အနေအထားရှိရပါမယ်။ သီချင်းပါဆိုနိုင်သေးရင်တော့နည်းနည်းပိုလုပ်ပါ။

နောက်ဆုံးအနေနဲ့အရှိန်လျှော့ပါ။ ပြီးပြီဆိုပြီးချက်ချင်းမရပ်ချလိုက်ပါနဲ့။ တဖြည်းဖြည်းချင်းအရှိန်လျှော့ပြီးရပ်ပါ။ အထူးသဖြင့်ဒါက သွေးတိုးရှိသူတွေအတွက်ပိုအရေးကြီးပါတယ်။

လေ့ကျင့်ခန်းမှန်မှန်လုပ်စေနိုင်ဖို့ နည်းလမ်း (၃) သွယ်

ပျော်ပျော်ရွှင်ရွှင်လုပ်ပါ။ အဲဒီအခါကျရင်သင်လေ့ကျင့်ခန်းလုပ်ရတာ ကိုစွဲလာပါလိမ့်မယ်။

လေ့ကျင့်ခန်းလုပ်ခြင်းကိုသင့်တစ်နေ့တာအချိန်ဇယားထဲထည့်ထားပါ။ သင်ဘယ်အချိန်လေ့ကျင့်ခန်းလုပ်မယ်ဆိုတာ ကြိုစီစဉ်ပြီးပြက္ခဒိန်မှာမှတ်ထားပါ။

လေ့ကျင့်ခန်းအတူလုပ်ဖော်ရှာပါ။ ဒါကသင့်ကိုလေ့ကျင့်ခန်းလုပ်ရတာ စိတ်ဓါတ်တက်ကြွစေပြီးပိုပျော်စေပါတယ်။

လေ့ကျင့်ခန်းလုပ်တာ ဘေးကင်းရဲ့လား ။

တက်တက်ကြွကြွနေခြင်းက သွေးတိုးရှိသူအတွက်လုပ်နိုင်တဲ့ အကောင်းဆုံးအရာတစ်ခုပါ။ သင့်ဆရာဝန်ကိုသင်ကန့်သတ်ထားရမယ့် ပမာဏရှိလားမေးထားပါ။

လေ့ကျင့်ခန်းလုပ်တဲ့အခါသင့်ရဲ့ ခန္ဓါကိုယ်ဘယ်လိုခံစားရလဲသတိပြုပါ။ နေသားကျဖို့ခဏတော့ အချိန်ယူရမှာဖြစ်ပြီးဒါကပုံမှန်ပါပဲ။

လေ့ကျင့်ခန်းလုပ်နေစဉ်အသက်ရှူမြန်ခြင်း ချွေးထွက်ခြင်းနှလုံးခုန်မြန်ခြင်းတို့ကပုံမှန်ပါပဲ။

ဒါပေမယ့် အသက်ရှူအရမ်းကျပ်တာ၊ နှလုံးခုန်အရမ်းမြန်တာ၊ နှလုံးခုန်မူမမှန်တာတို့ခံစားရရင်တော့ အရှိန်လျော့ပြီးနားလိုက်ပါ။

ရင်ဘတ်အောင့်ခြင်း၊ပျော့ခွေခြင်း၊ ခေါင်းမူးခြင်းနဲ့လည်ပင်း၊လက်မောင်း၊ မေးရိုး၊ပုခုံးတွေမှာနာတာတွေဖြစ်လာရင်တော့ လေ့ကျင့်ခန်းလုပ်တာရပ်လိုက်ပါ။

တကယ်လို့အပေါ်က ပြောသွားတာတွေကမြန်မြန်ပျောက်မသွားတာပဲ ဖြစ်ဖြစ်ထပ်ဖြစ်လာတာပဲဖြစ်ဖြစ်ဆရာဝန်ခေါ်ပါ။ လိုအပ်ရင်အရေးပေါ်ကုသမှုခံယူပါ။

Ref : hellosayarwon

ရေးသားသူ Kyaw Thura Htun
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top