Fetal-DDSI-1497211_02-27-19_075_ST-e1560880784322.jpg

သန္ဓေသားခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီး ကလေးကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့တဲ့ဆေးရုံ

အိုဟိုင်းယိုးပြည်နယ်က ကလေ့ဗ်လန်း (Cleveland) အထူးကုဆေးရုံက ခွဲစိတ်ဆရာဝန်တွေဟာ အာရုံကြောချို့ယွင်းမှုကိုခံစားနေရတဲ့ (၂၃) ပတ်အရွယ်သန္ဓေသားကို မိခင်ဝမ်းဗိုက်တွင်းမှာပဲ ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ပြီး ကိုယ်ဝန် (၃၆) ပတ်ပြည့်ပြီးချိန်မှာ ကလေးကို ကျန်းကျန်းမာမာနဲ့မွေးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ဆေးရုံအတွက် ပထမဆုံးအကြိမ်ဝမ်းဗိုက်တွင်းသန္ဓေသားခွဲစိတ်မှုဖြစ်ပြီး အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။…