သန္ဓေသားခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီး ကလေးကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့တဲ့ဆေးရုံ

Fetal-DDSI-1497211_02-27-19_075_ST-e1560880784322.jpg

On 02-24-19 in operating room number 58 a preparatory meeting of multiple medical teams for Cleveland Clinic's first In-Utero fetal surgery. Surgery will feature multiple surgeons but Dr. Darrell Cass will be the lead. Surgery is to repair spina bifida (birth defect) on baby's spine while in the patient's uterus.DDSI, Digestive Disease and Surgery Institute, ***Signed Releases on File***

အိုဟိုင်းယိုးပြည်နယ်က ကလေ့ဗ်လန်း (Cleveland) အထူးကုဆေးရုံက ခွဲစိတ်ဆရာဝန်တွေဟာ အာရုံကြောချို့ယွင်းမှုကိုခံစားနေရတဲ့ (၂၃) ပတ်အရွယ်သန္ဓေသားကို မိခင်ဝမ်းဗိုက်တွင်းမှာပဲ ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ပြီး ကိုယ်ဝန် (၃၆) ပတ်ပြည့်ပြီးချိန်မှာ ကလေးကို ကျန်းကျန်းမာမာနဲ့မွေးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ဆေးရုံအတွက် ပထမဆုံးအကြိမ်ဝမ်းဗိုက်တွင်းသန္ဓေသားခွဲစိတ်မှုဖြစ်ပြီး အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုခွဲစိတ်မှုကြောင့် သန္ဓေသားဟာ လမစေ့ဘဲမွေးလာတာမျိုး (သို့) သေဆုံးသွားတာမျိုးတွေ ဖြစ်လာနိုင်ချေရှိ

ဒေါက်တာ ဒါရယ်လ်ကက်စ် (Darrell Cass) ဦးဆောင်တဲ့ခွဲစိတ်ဆရာဝန်အဖွဲ့ဟာ ဒီခွဲစိတ်ကုသမှုအတွက် တစ်နှစ်ကျော်ကြာအောင် ကြိုတင်လေ့ကျင့်ပြင်ဆင်ခဲ့ရတာပါ။ ဒီလိုခွဲစိတ်မှုကြောင့် သန္ဓေသားဟာ လမစေ့ဘဲမွေးလာတာမျိုး (သို့) သေဆုံးသွားတာမျိုးတွေ ဖြစ်လာနိုင်ချေရှိတဲ့အတွက် ခက်ခဲတဲ့စွန့်စားမှုတစ်ခုဖြစ်ခဲ့ပေမဲ့ ကလေးငယ်ကို အောင်မြင်စွာမွေးပေးနိုင်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ကလေးကော မိခင်ပါ ကျန်းကျန်းမာမာရှိနေကြပါတယ်။

အာရုံကြောမကြီးအောက်ပိုင်းရဲ့ ချွတ်ယွင်းချက်ကြောင့် ကလေးက ဦးနှောက်အာရုံကြောပျက်စီးမှုကြုံလာရနိုင်

“ကလေးက သန္ဓေသားဘဝမှာပဲ အာရုံကြောချို့ယွင်းမှုကိုခံစားနေရတာပါ။ ဒီအတိုင်းသာမွေးလိုက်မယ်ဆိုရင် မသန်စွမ်းကလေးငယ်တစ်ဦး ဖြစ်လာပါလိမ့်မယ်။ အာရုံကြောမကြီးအောက်ပိုင်းရဲ့ ချွတ်ယွင်းချက်ကြောင့် ကလေးက ဦးနှောက်အာရုံကြောပျက်စီးမှုကြုံလာရနိုင်သလို အောက်ပိုင်းသေတဲ့အထိပါ ဖြစ်လာနိုင်ပါတယ် ”

လက်ရှိအချိန်မှာလည်း ကလေးကော မိခင်ပါ ကျန်းကျန်းမာမာရှိနေကြပါတယ်

” အခုလို ဝမ်းဗိုက်တွင်းသန္ဓေသားခွဲစိတ်မှုကို ပြုလုပ်ပေးလိုက်တဲ့အတွက် ကလေးရဲ့မွေးရာပါချို့ယွင်းချက်ကို အလုံးစုံပျောက်ကင်းစေမှာမဟုတ်ပေမဲ့ ကလေးရဲ့ဦးနှောက်ကတော့ ပုံမှန်အတိုင်းဖွံ့ဖြိုးသွားနိုင်တော့မှာဖြစ်ပါတယ်။ အာရုံကြောချို့ယွင်းမှုအခြေအနေကိုလည်း နည်းနိုင်သမျှအနည်းဆုံးဖြစ်သွားစေပါလိမ့်မယ်” လို့ ဒေါက်တာ ဒါရယ်လ်ကက်စ်က ရှင်းပြခဲ့ပါတယ်။

Ref: CBS NEWS “Cleveland Clinic performs its first fetal surgery to repair spina bifida”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top