10.10.2024-yyl-5.jpg

မြေအောက်ခန်းထဲမှ တွေ့ရပြီး အတုလို့ ထင်မှတ်ခံခဲ့ရတဲ့ ပန်းချီကားက ပီကာဆိုရဲ့လက်ရာ အစစ်အမှန် ဖြစ်နေ

မြေအောက်ခန်းထဲမှာ တွေ့ရပြီး ပီကာဆိုလက်မှတ် ရေးထိုးထားပေမဲ့ အစစ်မဟုတ်ဘူးလို့ ထင်မှတ်ခံခဲ့ရတဲ့ ပန်းချီကားဟာ ကမ္ဘာကျော်ပန်းချီဆရာ ပီကာဆိုရဲ့လက်ရာအစစ်အမှန်ဖြစ်ကြောင်း အသိအမှတ်ပြုခံခဲ့ရပါပြီ။ အီတလီနိုင်ငံ ကာပရီကျွန်းပေါ်မှာ ပီကာဆို နေထိုင်ခဲ့စဉ်က သူ့ချစ်သူ ဒိုရာမားပုံကို အချိုးမညီစွာ ရေးဆွဲထားတာပါ။ ၁၉၅၀ ပြည့်နှစ်အတွင်း…

3-6-2020-yyl-017.jpg

ကြက်ဥကို လျော့ဈေးနဲ့ဝယ်လာပြီးမှ အတုဖြစ်နေမှန်းသိခဲ့ရတဲ့ထိုင်းနိုင်ငံက အမျိုးသား

ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများက ဈေးကနေ မရည်ရွယ်ဘဲနဲ့ ပစ္စည်းအတုတွေ ဝယ်လာမိကြမှာပါ။ ဝယ်လာပြီး အိမ်ပြန်ရောက်မှာ အတုဖြစ်မှန်းသိလိုက်ရတာလောက် ခံရခက်တာမရှိတော့ပါဘူး။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးက ကြုံတောင်ကြုံခဲပါပဲ။ ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးဟာ ထိုင်းစတိုင်ကြက်ဥခေါက်ကြော်လုပ်ဖို့လုပ်တဲ့အခါ ကြက်ဥအတုတွေမှန်း သိခဲ့ရပါတယ်။ အဲဒီအခါမှာသာ သူ…