ကြက်ဥကို လျော့ဈေးနဲ့ဝယ်လာပြီးမှ အတုဖြစ်နေမှန်းသိခဲ့ရတဲ့ထိုင်းနိုင်ငံက အမျိုးသား

3-6-2020-yyl-017.jpg

ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများက ဈေးကနေ မရည်ရွယ်ဘဲနဲ့ ပစ္စည်းအတုတွေ ဝယ်လာမိကြမှာပါ။ ဝယ်လာပြီး အိမ်ပြန်ရောက်မှာ အတုဖြစ်မှန်းသိလိုက်ရတာလောက် ခံရခက်တာမရှိတော့ပါဘူး။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးက ကြုံတောင်ကြုံခဲပါပဲ။ ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးဟာ ထိုင်းစတိုင်ကြက်ဥခေါက်ကြော်လုပ်ဖို့လုပ်တဲ့အခါ ကြက်ဥအတုတွေမှန်း သိခဲ့ရပါတယ်။ အဲဒီအခါမှာသာ သူ အညာမိခဲ့မှန်းသိလိုက်ရတာပါ။ ဒီအဖြစ်အပျက်က မေလ ၂၉ ရက်နေ့မှာဖြစ်ခဲ့တာဖြစ်ပြီး ကြက်ဥအတုအညာမိခဲ့တဲ့ ဆွန်ဘတ် သွန်ဆန်နွန်ဆိုတဲ့အမျိုးသားရဲ့ဇာတ်လမ်းလေးကို Bangkok Post က တင်ခဲ့တာဖြစ်ပါတယ်။

ဆွန်ဘတ်ဟာ ပြည်တွင်းသတင်းထောက်တွေကို ပြောပြခဲ့ပြီး Mobile Grocery Stor တစ်ခုကနေ လျော့ဈေးနဲ့ ကြက်ဥတွေကို ဝယ်လာခဲ့တာဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။ ခြောက်ဘီးကားက ကြက်ဥဈေးနှုန်းက အခြားစတိုးဆိုင်တွေကထက် ပိုပြီး ဈေးချိုတဲ့အတွက် တစ်ဗန်းကို အလုံး (၃၀) ပါတဲ့ ကြက်ဥကို ဘတ် (၆၀) နဲ့ (၃) ဘူးဝယ်လာခဲ့တာပါ။ ပုံမှန်ဆိုရင် ဒီအရွယ်အစားကြက်ဥတွေက ဘတ် (၈၅-၁၀၀) ပေးဝယ်ရပါတယ်။ COVID-19 ကြောင့် ငွေရေးကြေးရေးခက်ခဲနေတဲ့အချိန်အတွင်းမှာ အခုလိုဈေးချိုချိုနဲ့ ဝယ်လို့ရတာ ကံကောင်းတာပဲလို့ ဆွန်ဘတ် ထင်ခဲ့တာပါ။ ဒါပေမဲ့ သူ ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ ထိုင်းစတိုင်ကြက်ဥခေါက်ကြော်လုပ်တဲ့အခါမှာ ကြက်ဥအတုတွေ ဝယ်လာမိမှန်း နားလည်သိရှိခဲ့ရပါတယ်။

ကြက်ဥအခွံတွေက သာမန်ကြက်ဥတွေထက် ပိုကြမ်းပြီး ကြက်ဥအခွံပေါ်မှာ အနီနက်အစက်တချို့ရှိပါတယ်။ ကြက်ဥကို ခွဲလိုက်တဲ့အခါမှာ အကာကလည်း ဘာအနံ့မှမရှိဘဲ powdery gel တွေဖြစ်နေပါတယ်။ စစ်ဆေးမှုတွေပြုလုပ်နိုင်ဖို့ ခရိုင်ပြည်သူ့ကျန်းမာရေးရုံးကိုတောင် ဆွန်ဘတ်က ကြက်ဥအတုတွေနမူနာကိုပေးခဲ့တယ်လို့ ဆိုပါတယ်။ ကြက်ဥအတုပြဿနာက အသစ်အဆန်းမဟုတ်ပေမယ့် အခုမှ Sung Neon ခရိုင်မှာ ထသောင်းကျန်းနေတဲ့ပြဿနာပါ။ စီးပွားရေးအခက်အခဲဖြစ်နေတဲ့အချိန်မှာ လူတွေ ပိုပြီးဒုက္ခမရောက်အောင် ညာရောင်းနေတဲ့သူတွေကို ဒီအတိုင်းမထားပါနဲ့” လို့ ဆွန်ဘတ်က Bangkok Post ကို ပြောပါတယ်။

COVID-19 ကပ်ရောဂါအတွင်းမှာ လူတော်တော်များများ ခက်ခဲကြပ်တည်းမှုတွေကို ရင်ဆိုင်နေရတာကြောင့် ဒေသခံပြည်သူတွေ ဒီလိုမျိုးအညာခံရတဲ့ ဖြစ်ရပ်မျိုး ထပ်ပြီး မဖြစ်လာဖို့ မျှော်လင့်ရပါတယ်။

Ref: Man In Thailand Buys Trays Of Eggs On Discount, Later Finds Out They Were Fake

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top