လူ ၃၇၀၀ လောက်ပါတဲ့ အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၁၀ ယောက် တွေ့ရှိ
ယိုကိုဟားမားကမ်းလွန်ဘက်မှာ ကျောက်ချထားတဲ့ အပျော်စီးသင်္ဘောပေါ်က ခရီးသည်နဲ့ အမှုထမ်း ၃၇၀၀ နီးပါးကို ကျန်းမာရေးစစ်ဆေးချိန်မှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရသူ (၁၀)ယောက် တွေ့ရတယ်လို့ ဂျပန်နိုင်ငံက ပြောပါတယ်။ အာဏာပိုင်တွေက ဆက်လက်စောင့်ကြည့်မှုတွေ လုပ်နေဆဲဖြစ်လို့ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ပိုများလာဖွယ်ရှိပါတယ်။…