လူ ၃၇၀၀ လောက်ပါတဲ့ အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၁၀ ယောက် တွေ့ရှိ

yyl-007-2.jpg

ယိုကိုဟားမားကမ်းလွန်ဘက်မှာ ကျောက်ချထားတဲ့ အပျော်စီးသင်္ဘောပေါ်က ခရီးသည်နဲ့ အမှုထမ်း ၃၇၀၀ နီးပါးကို ကျန်းမာရေးစစ်ဆေးချိန်မှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရသူ (၁၀)ယောက် တွေ့ရတယ်လို့ ဂျပန်နိုင်ငံက ပြောပါတယ်။ အာဏာပိုင်တွေက ဆက်လက်စောင့်ကြည့်မှုတွေ လုပ်နေဆဲဖြစ်လို့ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ပိုများလာဖွယ်ရှိပါတယ်။ ပြီးခဲ့တဲ့လက Diamond Princess အပျော်စီးသင်္ဘောနဲ့အတူ လိုက်ပါခဲ့တဲ့ ဟောင်ကောင်ခရီးသည်တစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့တဲ့နောက် အဲဒီသင်္ဘောပေါ်မှာ လိုက်ပါလာသူတွေကို ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးမှု လုပ်ခဲ့တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရသူ ၁၀ ယောက်ကို ဆေးရုံတင်ပို့မယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီး ကာတိုက ပြောပါတယ်။ ကျန်တဲ့သူတွေကို ၁၄ ရက်ကြာ သီးသန့်ခွဲခြားပြီး စောင့်ကြည့်သွားမှာပါ။

”အပျော်စီးသင်္ဘောပေါ်က ခရီးသည်နဲ့ အမှုထမ်းတွေရဲ့ ကျန်းမာရေးအတွက် လုံလောက်တဲ့ စောင့်ရှောက်မှုပေးချင်တယ်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့တာကို တားဆီးနိုင်ဖို့လည်း အစွမ်းကုန်ကြိုးပမ်းမှာပါ”လို့ ကာတိုက ပြောပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါလာသူအားလုံးကို ပထမအဆင့် ကျန်းမာရေးစစ်ဆေးမှုလုပ်ခဲ့ရာမှာ လူ ၂၇၃ ဦးကို နောက်ထပ်စစ်ဆေးမှုလုပ်ရမယ်လို့ တွေ့ရှိခဲ့ပါတယ်။ သူတို့အထဲက လူ ၃၁ ယောက်ကို စစ်ဆေးချိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်သူ ၁၀ ယောက် ထွက်ပေါ်လာခဲ့တာပါ။ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၀ ယောက်ထဲမှာ ဘယ်သူကမျှ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မပြသေးပါဘူး။ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ ယောက်ကတော့ ဂျပန်နိုင်ငံသားတွေပါ။ အပျော်စီးသင်္ဘောပေါ်က ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ယောက်ကို ထပ်ပေါင်းလိုက်ရင် ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၃၃ ယောက်အထိ ရှိလာခဲ့ပါပြီ။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ အစပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကြောင့် သေဆုံးသူ ၄၉၀ အထိ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top