တိုင်တန်းနစ်ဇာတ်ကားထဲကလိုမျိုး လူ့အသက်တစ်ချောင်းကို ကယ်တင်ခဲ့တဲ့ မင်းသားလီယိုနာဒို

yy.jpg

တိုင်တန်းနစ်ဇာတ်ကားထဲမှာ ချစ်သူကို ကယ်တင်ဖို့ အသက်စွန့်ခဲ့တဲ့ လူငယ်လေး ဂျက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားလီယိုနာဒိုဒီကာပရီယိုဟာ လက်တွေ့ဘဝမှာလည်း ရေနစ်သေတော့မယ့်လူတစ်ယောက်ကို အသက်ကယ်ခဲ့ပါတယ်။ လီယိုနာဒိုဟာ ပြီးခဲ့တဲ့လက ကာရေဘီယန်ကမ်းခြေကို အပန်းဖြေခရီးထွက်ချိန်မှာ အပျော်စီးသင်္ဘောကနေ ပြုတ်ကျပြီး ရေထဲမှာ ၁၁ နာရီကြာ မျောနေတဲ့ ပြင်သစ်အမျိုးသားကို ကယ်တင်ခဲ့တာပါ။

ဒီဇင်ဘာလ ၃၀ ရက်က စိန့်ဘတ်ကျွန်း(St. Barts)ကမ်းလွန်ဘက်မှာ လီယိုနာဒိုက ကိုယ်ပိုင်စက်လှေ စီးနေတုန်း အပျော်စီးသင်္ဘောပေါ်ကနေ လူတစ်ယောက် ပြုတ်ကျသွားတဲ့အကြောင်း သတင်းကြားရတယ်လို့ စက်လှေမောင်းတဲ့ ကပ္ပတိန်က လာပြောခဲ့ပါတယ်။ အဲဒီနောက်မှာ လီယိုနာဒိုက သူ့စက်လှေကို လမ်းကြောင်းပြောင်းပြီး ပြုတ်ကျသွားသူကို လိုက်ရှာဖို့ ချက်ချင်းသဘောတူခဲ့ပါတယ်။ ရေထဲမှာ အချိန်တော်တော်ကြာအောင် ရှာဖွေခဲ့ပြီးနောက်မှာတော့ ရေထဲကနေ လက်ဝှေ့ယမ်းပြနေသူကို တွေ့ရှိခဲ့ပြီး စက်လှေပေါ်မှာ လိုက်ပါလာတဲ့ အမှုထမ်းတွေက သူ့ကို ဆွဲတင်ခဲ့ပါတယ်။ အပျော်စီးသင်္ဘောပေါ်ကနေ ပြုတ်ကျလာသူက အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ပြင်သစ်နိုင်ငံသားတစ်ဦးပါ။

အဲဒီအချိန်တုန်းက သူ့ကို လိုက်ရှာခဲ့တဲ့ စက်လှေဆိုလို့ လီယိုနာဒိုတို့ စက်လှေတစ်စင်းပဲ ရှိပါတယ်။ တကယ်လို့ လီယိုနာဒိုကသာ စက်လှေကို လမ်းကြောင်းပြောင်းပြီး ရှာဖွေဖို့ မဆုံးဖြတ်ခဲ့ရင် သေရမယ့် အနေအထားပါ။ အဲဒီကယ်တင်မှုဟာ အကြိမ် တစ်ဘီလျံမှာ တစ်ခါပဲ အောင်မြင်နိုင်တဲ့ ကယ်တင်မှုမျိုးလို့ စက်လှေကပ္ပတိန်က ပြောပါတယ်။ လီယိုနာဒိုဟာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ အားလပ်ရက်မှာ သူ့ချစ်သူ ကာမီလာမော်ရုန်းနဲ့အတူ ကာရေဘီယံကမ်းခြေကို အပန်းဖြေခရီးထွက်ခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ ၂၀၁၇ ခုနှစ်ကတည်းက ချစ်ကြိုက်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top