17.3.2023-yyl-iamge-21.jpg

အပြုံးမျက်နှာအမှတ်အသားနဲ့ မွေးဖွားလာခဲ့တာ​ကြောင့် အိမ်မွေးတိရစ္ဆာန်လို မွေးမြူခံရမယ့် နွားပေါက်လေး

နွား​ပေါက်လေးတစ်ကောင်က အခြားနွားတွေနဲ့မတူဘဲ သူ့ရဲ့ခန္ဓာကိုယ်တစ်ဖက်ခြမ်းမှာ ​အပြုံးမျက်နှာအမှတ်အသားပါပြီး မွေးဖွားလာခဲ့တာပါ။ လယ်သမားစုံတွဲဖြစ်တဲ့ မီဂန်နဲ့ ဘာရီကိုစတာတို့ဟာ ထူးခြားတဲ့အမှတ်အသားနဲ့မွေးဖွားလာခဲ့တဲ့ သူတို့ရဲ့နွားပေါက်လေးကိုမြင်ပြီး တအံ့တဩဖြစ်ခဲ့ရတာပါ။သူတို့စုံတွဲရဲ့ခြံမှာ တစ်နှစ်ကို နွားအကောင်ရေ ၇၀၀ ဝန်းကျင်လောက် မွေးမြူခဲ့ပေမဲ့ အခုလိုမျိုးအမှတ်အသားနဲ့မွေးဖွားလာတာကိုတော့ မမြင်ဖူးပါဘူး။ နွားအများစုက အဖြူအနက်အစက်အပြောက်တွေပဲပါတာပါ။…