အပြုံးမျက်နှာအမှတ်အသားနဲ့ မွေးဖွားလာခဲ့တာ​ကြောင့် အိမ်မွေးတိရစ္ဆာန်လို မွေးမြူခံရမယ့် နွားပေါက်လေး

17.3.2023-yyl-iamge-21.jpg

နွား​ပေါက်လေးတစ်ကောင်က အခြားနွားတွေနဲ့မတူဘဲ သူ့ရဲ့ခန္ဓာကိုယ်တစ်ဖက်ခြမ်းမှာ ​အပြုံးမျက်နှာအမှတ်အသားပါပြီး မွေးဖွားလာခဲ့တာပါ။ လယ်သမားစုံတွဲဖြစ်တဲ့ မီဂန်နဲ့ ဘာရီကိုစတာတို့ဟာ ထူးခြားတဲ့အမှတ်အသားနဲ့မွေးဖွားလာခဲ့တဲ့ သူတို့ရဲ့နွားပေါက်လေးကိုမြင်ပြီး တအံ့တဩဖြစ်ခဲ့ရတာပါ။
သူတို့စုံတွဲရဲ့ခြံမှာ တစ်နှစ်ကို နွားအကောင်ရေ ၇၀၀ ဝန်းကျင်လောက် မွေးမြူခဲ့ပေမဲ့ အခုလိုမျိုးအမှတ်အသားနဲ့မွေးဖွားလာတာကိုတော့ မမြင်ဖူးပါဘူး။ နွားအများစုက အဖြူအနက်အစက်အပြောက်တွေပဲပါတာပါ။ ဒီနွားပေါက်လေးကတော့ အဖြူအနက်အပြင် အပြုံးမျက်နှာပုံအမှတ်အသားလည်း ရှိပါတယ်။

နွားပေါက်လေးကို “Happy”လို့ အမည်ပေးထားပါတယ်။ Happy မွေး​ပြီးတော့ ဘာရီ ကောက်ကိုင်လိုက်တဲ့အချိန်မှာ အခြားနွားတွေအကုန်လုံးနဲ့ နည်းနည်းကွဲပြားတယ်ဆိုတာ သိလိုက်ရတာပါ။ နွားပေါက်လေးမှာ အပြုံးမျက်နှာအမှတ်အသားပါတာကို တွေ့ပြီးတဲ့နောက်မှာ ဘာရီက ဓာတ်ပုံရိုက်ပြီး သူ့ဇနီးမီဂန်ဆီ ပို့ခဲ့ပါတယ်။ မီဂန်လည်း ပုံမြင်ပြီး မယုံလို့ Zoom ဆွဲကြည့်ခဲ့ရပါတယ်။
ထူးခြားတဲ့အမှတ်အသားကြောင့် နွားပေါက်လေးက ဘာရီတို့ရဲ့ခြံမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် လုံခြုံစွာ နေသွားရတော့မှာပါ။ ဘာရီတို့ရဲ့အလုပ်အသမားတွေကလည်း Happy ကို အိမ်​မွေးတိရစ္ဆာန်အဖြစ်ရော နွားထွန်ဖို့အတွက်ပါ ထားဖို့ စိတ်အားထက်သန်နေကြပါတယ်။

Ref: Ladbible “Cow will be treated as a pet rather than livestock after farmers discover its smiley face marking”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top