yyl-021-6.jpg

ပြင်သစ်နိုင်ငံ အိမ်ခေါင်မိုးပေါ်မှာ လျှောက်သွားနေတဲ့ သစ်နက်တစ်ကောင်ကို ဖမ်းဆီးခဲ့ရ

ပြင်သစ်နိုင်ငံက အိမ်ခေါင်မိုးတစ်ခုပေါ်မှာ လျှောက်သွားနေတဲ့ သစ်နက်သားပေါက်တစ်ကောင်ကို အရေးပေါ်အဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အာမန်တီရက်စ်ဒေသရဲ့ ဒုတိယထပ် ခေါင်မိုးပေါ်မှာ သစ်နက်သားပေါက်က လျှောက်သွားနေပြီး အချိန်တစ်နာရီလောက်ကြာတဲ့အထိ ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ ဝင်လိုက်၊ ထွက်လိုက်လုပ်နေတာကို အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေက အံ့သြတကြီး ငေးကြည့်ခဲ့ကြပါတယ်။…