2.jpg

နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက် MPT သုံးစွဲသူများ၏ SMS မှတစ်ဆင့် လှူဒါန်းသည့်ငွေများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းလှူဒါန်း

မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော်တည်ဆောက်ရေးလုပ်ငန်းတွင် သုံးစွဲသူမိဘပြည်သူများ ပါဝင်ကုသိုလ်ယူနိုင်ရန်အတွက် SMS ဖြင့် လှူဒါန်းနိုင်မည့်အစီအစဉ်ကိုပြုလုပ်ခဲ့ရာ ပါဝင်လှူဒါန်းသည့်အလှူရှင်များထံမှ စုစုပေါင်းအလှူငွေကျပ် (၅၄,၃၂၇,၅၀၀) တိတိလက်ခံရရှိခဲ့ကြောင်း ဝမ်းမြောက်စွာဖြင့် သတင်းထုတ်ပြန်ကြေညာလိုက်သည်။