ခါးဆစ်ရိုး အရိုးနုပြားတွေကို ပြန်လည်သန်စွမ်းစေမယ့် ထိုးဆေးဂျယ်တစ်မျိုးကို သိပ္ပံပညာရှင်တွေ စမ်းသပ်နေ
ခါးဆစ်ရိုးကြားက ပျက်စီးသွားတဲ့ အရိုးနုပြားတွေ ပြန်လည်ကောင်းမွန်လာစေမယ့် ဆန်းသစ်တဲ့ ကုသနည်းတစ်မျိုးကို သိပ္ပံပညာရှင်တွေက စမ်းသပ်တီထွင်လျက် ရှိပါတယ်။ Mayo Clinic မှ သုတေသီတွေဟာ ခါးဆစ်ရိုးတွေကြားမှာ ကြားခံပေးထားတဲ့အရိုးနုပြားတွေကို ပြန်လည်ပြုပြင်ပေးနိုင်မယ့် ထိုးဆေးဂျယ်လ် တစ်မျိုးကို လေ့လာစမ်းသပ်နေကြတာပါ။ အသက်ကြီးလာတဲ့အခါ…

