ခါးဆစ်ရိုးကြားက ပျက်စီးသွားတဲ့ အရိုးနုပြားတွေ ပြန်လည်ကောင်းမွန်လာစေမယ့် ဆန်းသစ်တဲ့ ကုသနည်းတစ်မျိုးကို သိပ္ပံပညာရှင်တွေက စမ်းသပ်တီထွင်လျက် ရှိပါတယ်။
Mayo Clinic မှ သုတေသီတွေဟာ ခါးဆစ်ရိုးတွေကြားမှာ ကြားခံပေးထားတဲ့အရိုးနုပြားတွေကို ပြန်လည်ပြုပြင်ပေးနိုင်မယ့် ထိုးဆေးဂျယ်လ် တစ်မျိုးကို လေ့လာစမ်းသပ်နေကြတာပါ။
အသက်ကြီးလာတဲ့အခါ ဒီအရိုးနုပြားတွေက တဖြည်းဖြည်း ပျက်စီးလာတတ်ပြီး ခါးတောင့်တာ၊ အာရုံကြောညှပ်တာအပြင် တခါတလေ ပြင်းထန်တဲ့ နာတာရှည်ဝေဒနာတွေကို ခံစားရတတ်ပါတယ်။
ပုံမှန်အားဖြင့်တော့ ဝေဒနာသက်သာအောင်ပဲ လုပ်ပေးနိုင်ပြီး အခြေအနေဆိုးရင်တော့ ပျက်စီးနေတဲ့ အရိုးနုပြားကို ခွဲစိတ်ဖယ်ရှားတာ ဒါမှမဟုတ် အသစ်လဲတာမျိုးတွေ လုပ်လေ့ရှိပါတယ်။
ဒါပေမဲ့ အခုစမ်းသပ်နေတဲ့ ကုသနည်းကတော့ နာကျင်မှုကို သက်သာစေရုံတင်မကဘဲ ခန္ဓာကိုယ်က ပျက်စီးနေတဲ့ တစ်ရှူးတွေကို ကိုယ်တိုင်ပြန်လည်ပြုပြင်နိုင်စွမ်း ရှိပါတယ်။
အစောပိုင်း တိရစ္ဆာန်တွေနဲ့ စမ်းသပ်မှုတွေမှာတော့ အလားအလာကောင်းတဲ့ ရလဒ်တွေ ရရှိထားပါတယ်။ တကယ်လို့ လူသားနဲ့ လက်တွေ့စမ်းသပ်မှုတွေမှာသာ အောင်မြင်ခဲ့မယ်ဆိုရင် ဒီနည်းပညာဟာ နာတာရှည် ခါးဆစ်ရိုးပြဿနာ ကုသမှုနည်းလမ်းတွေကို အကြီးအကျယ် ပြောင်းလဲပေးနိုင်မှာပါ။
Ref: Scientists are developing a groundbreaking new treatment that could one day REGENERATE damaged spinal discs
NZ (ရိုးရာလေး)

