လူတိုင်းရောက်ဖူးချင်တဲ့ မိုးကုတ်
လူတိုင်းရောက်ဖူးချင်တဲ့မိုးကုတ်ကို ကိုယ်လည်းရောက်ဖူးချင်လို့ ကျောပိုးအိတ်တစ်လုံးဆွဲကာ ထွက်ခဲ့တယ်။ မြင့်မားတဲ့တောင်တန်းတွေကြားက မြို့လေးကိုမြင်ချင်စိတ်ရယ် သူ့ရဲ့အရမ်းနာမည်ကြီးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်တွေနဲ့ပေါ့။ ပတ္တမြားမြေလို့နာမည်ကြီးတဲ့မြို့ဟာ အခုနောက်ပိုင်းပတ္တမြားတွေထက် ရေခဲတာကြောင့် ပိုနာမည်ကြီးပါတယ်။ ဘာကြောင့်နာမည်ကြီးကြီး မိုးကုတ်ဟာလာရတာဝေးပေမဲ့ လည်ရတာတန်တဲ့မြို့တစ်မြို့ပါပဲ။ မြို့ကိုနှစ်ပိုင်းခွဲထားပီး တစ်ခုနဲ့တစ်ခုဟာလည်း ခုနှစ်မိုင်လောက်ကွာတယ်။ အရင်ကကြားဖူးတာက…