ကျောက်မဲမြို့က ပြည်သူ (၂၀၀၀) ကျော် တိုက်ပွဲရှောင်ထွက်ပြေးနေရတယ်လို့ကုလသမဂ္ဂပြော
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်တောင်ပိုင်း၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်မြောက်ပိုင်းပူးပေါင်းတပ်တို့ကြားက တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရှမ်းပြည်နယ် ကျောက်မဲမြို့က ပြည်သူ (၂,၀၀၀) ကျော် တိုက်ပွဲရှောင်ထွက်ပြေးနေရတယ်လို့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံးက သိရပါတယ်။ သြဂုတ်လ (၁၁) ကနေ (၁၉)ရက်နေ့အထိ နှစ်ဖက်ကြားအပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အတွက် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့က ပြည်သူတွေ…