မိုးရာသီမှာ ဂုတ်ထိပ်တံတားကြီးကိုဖြတ်ပြီး အပျိုချောတဲ့သီပေါကိုသွားကြမယ်

61832346_916040518736510_3941256385324384256_n.jpg

မိုးတွင်းကြီး မြောက်ပိုင်းရှမ်းပြည်ကို ရထားနဲ့သွားခဲ့တာ ရှုခင်းတွေအရမ်းလှလို့ မိုးတွင်းမှာ ဘယ်သွားရင်ကောင်းမလဲဆိုသူတွေအတွက် သီပေါ ခရီးစဉ်လေးကို ရေးပေးလိုက်ပါတယ်။ လမ်းဘေးဝဲယာတစ်လျှောက်က စိမ်းစိုနေတဲ့ရှုခင်းတွေကြည့်ပြီး ရထားနဲ့ခရီးသွားရတာ ဘယ်လောက်တောင်မှ သာယာလိုက်မလဲဆိုတာ တွေးကြည့်ကြည့်ပါလေ။

သိမ်တောင်ပေါ်ကနေလှမ်းမြင်ရတဲ့ သီပေါမြို့လေး

 

ပြင်ဦးလွင်ဘူတာ (နိုင်ငံခြားသားတွေအများစုတွေ့ရတယ်။ သူတို့လည်းဂုတ်ထိပ်တံတားကဖြတ်ပြီး သီပေါကိုသွားကြမှာ)

သီပေါက ရှမ်းပြည်ကမြို့တစ်မြို့ဆိုပေမဲ့ မြေပြန့်ကမြို့နဲ့ပိုတူသလိုပဲ။ နိုင်ငံခြားက Backpacker တွေ အလာများတဲ့မြို့ဖြစ်လို့ ပြည်တွင်းခရီးသွားတွေထက် ပြည်ပခရီးသွားတွေကို ပိုပြီးအတွေ့ရများပါတယ်။

ခရီးလမ်းကြောင်း

မန္တလေး-လားရှိုးရထားကို ပြင်ဦးလွင်ကနေစောင့်စီးမှာဆိုတော့ ရန်ကုန်ကနေပြင်ဦးလွင်အထိ ကားစီးသွားလိုက်တယ်။ ရထားက (၈:၂၀) လောက် ပြင်ဦးလွင်ရောက်လို့ ရန်ကုန်ကနေ (၇) နာရီကားစီးရင်အတော်ပါပဲ။ ပြင်ဦးလွင်မြို့ထဲသွားပြီး မောဓနုမှာ မနက်စာသွားစားဖို့တောင် အချိန်ရသေးတယ်။ လက်မှတ်က ရောက်မှဝယ်လို့ရတယ်။ အထူးတန်းနဲ့ ရိုးရိုးတန်းရှိပေမဲ့ အထူးတန်းလက်မှတ်က ရဖို့သိပ်မလွယ်ဘူူး။ ကိုယ့်တုန်းကတော့ ရိုးရိုးတန်းနဲ့ပဲသွားခဲ့တာ။ ရထားက (၇) နာရီလောက် တမေ့တမောစီးရတာဆိုတော့ အထူးတန်းက ပိုအဆင်ပြေပါတယ်။ အပြန်ကျတော့ သီပေါကနေရန်ကုန်ကို Express ကားနဲ့ပဲပြန်လာခဲ့လိုက်တယ်။

ရကောက် ရထားကြီးပျော်ပျော်စီး

ရထားပေါ်မှာ ကော်ဖီလေးသောက်ပြီးဖီးလ်

ရထားစီးရင်းမြင်ရတဲ့ မြင်ကွင်း

သီပေါမှာတည်းခိုဖို့

ရိုးရိုး Guesthouse ကနေ Resort အထိရှိလို့ ကိုယ်အဆင်ပြေရာမှာ တည်းခိုနိုင်ပါတယ်။ Mr.Charles Hotel (082 80105)၊ Tai House Resort (09 5278275)၊ Mr.Charles River View Resort (082 80407)၊ Hotel Thi Paw (082 80750)၊ Hotel Lily The Home (082 80318) တွေလည်း ရှိပါတယ်။ ကိုယ်ကတော့ Mr.Charles Hotel မှာပဲတည်းခဲ့တယ်။ နောက်တစ်ခေါက်သွားရင် Hotel Thipaw မှာတည်းကြည့်ချင်နေတယ်။ ရှုခင်းအရမ်းလှတယ်ပြောလို့။

သီပေါမှာဘာတွေလည်ဖို့ရှိလဲ

ဘော်ကြိုဘုရား၊ သီပေါချောင်းဆုံ၊ Little Bagan၊ နမ့်ဟူးနွဲ့ရေတံခွန်၊ သိမ်တောင် (သို့မဟုတ်) Sunset Hill၊ သီပေါဟော်နန်း၊ စော်ဘွားတွေရဲ့အုတ်ဂူရှိရာ လွယ်မုတ်တောင် အဲဒါတွေဆီလည်လို့ရပါတယ်။ ချောင်းဆုံက မိုးတွင်းဆိုရင်ရေမကြည်ဘူး။ နွေရာသီဆိုရင်တော့ ရေဆော့လို့ရတယ်။
သီပေါမှာ ဟိုသွားဒီသွားကို Tuk Tuk နဲ့သွားကြတယ်။ တည်းတဲ့နေရာမှာပဲ Tuk Tuk ငှားခိုင်းလို့ရပါတယ်။

သီပေါဟော်နန်း

Little Bagan

ချောင်းဆုံ

ချောင်းဆုံတစ်နေရာ (မိုးတွင်းဆိုတော့ရေမကြည်ဘူး)

သီပေါ trekking

Trekking နဲ့သီပေါဟာ ခွဲခြားလို့မရပါ။ နိုင်ငံခြားသားတွေဆိုရင် သီပေါကို Trekking အတွက် သီးသန့်လာကြတာမျိုးပါ။ ညအိပ်သွားရတဲ့ ပလောင်ရွာတွေဘက် Trekking ရယ်၊ ကိုယ်သွားခဲ့တဲ့ သိပ်မပင်ပန်းတဲ့ ရှမ်းရွာတွေဘက် Trekking စသဖြင့် အမျိုးမျိုးရှိပါတယ်။
ကိုယ်သွားခဲ့တာကတော့ လုံးယုံနှစ်တစ်ရာဘုန်းကြီးကျောင်းရယ်၊ ချောင်းဆုံလှေစီးတာရယ်၊ ရှမ်းရွာရယ် ကိုသွားဖြစ်တာပါ။

လုံးယုံနှစ်တစ်ရာဘုန်းကြီးကျောင်းကဘုရားခန်း

နာနတ်ခင်းတွေကြား

မနက် (၈) နာရီလောက်ကသွားတာ နေ့လယ် (၂) နာရီလောက်ပြန်ရောက်တဲ့ ပေါ့ပေါ့ပါးပါး Trekking ပါ။ Trekking နဲ့ပတ်သက်လို့ဆက်သွယ်ချင်ရင်တော့ Firefly Trekking (09 450 035 654) နဲ့ Ko Pee Travel (082 80755) ကို ဆက်သွယ်လို့ရမှာပါ။


ကမ္ဘာကျော်ဂုတ်ထိပ်တံတား

မိုးရာသီမှာ ဂုတ်ထိပ်တံတားကြီးကိုဖြတ်ပြီး ဒုဌဝတီမြစ်ကမ်းဘေးကရှမ်းမြို့လေးကို အလည်သွားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

(ဒီဆောင်းပါးက ရိုးရာလေးရဲ့ မိတ်ဖက် Zen’s Memories Facebook Page မှာဖော်ပြထားတဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်)

Ref: Zen’s Memories
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top