မြောက်ကိုရီးယားပြည်သူတွေကို တောင်းပန်ရင်း မျက်ရည်ကျခဲ့တဲ့ ကင်ဂျုံအန်
အနောက်နိုင်ငံတွေက လူ့အခွင့်အရေးချိုးဖောက်သူ၊ အာဏာရှင်ဆန်လွန်းသူလို့ သမုတ်ကြတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ပြီးခဲ့တဲ့စနေနေ့က ကျင်းပခဲ့တဲ့ အလုပ်သမားပါတီ တည်ထောင်မှု ၇၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲအခမ်းအနားမှာ ပြည်သူတွေကို တောင်းပန်ရင်း မျက်ရည်ကျခဲ့ပါတယ်။ မြောက်ကိုရီးယားပြည်သူတွေရဲ့ လူနေမှုဘဝအဆင့်အတန်းကို မြင့်တင်ပေးနိုင်ခြင်းမရှိလို့…