လော့စ်အိန်ဂျလိစ်မှာ အကြီးအကျယ်လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ကနဦးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၅၀ ဘီလျံ ရှိဟု ခန့်မှန်းထား

9.1.2025-yyl-3.png

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်စီရင်စုတစ်ဝိုက်မှာ အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် ကနဦး ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၀ ဘီလျံ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

လော့စ်အိန်ဂျလိစ်စီရင်စုတစ်ဝိုက်မှ တောမီးလောင်ကျွမ်းမှု ၅ ခုလုံးကို အနည်းအကျဉ်းလေးတောင် ထိန်းသိမ်းနိုင်ခြင်း မရှိသေးလို့ လူ ၁ သိန်းကျော်ကို ဘေးကင်းရာရွှေ့ပြောင်းနေထိုင်ဖို့ ညွှန်ကြားထားပါတယ်။

လော့စ်အိန်ဂျလိစ်စီရင်စု အရှေ့ပိုင်းက ဆန်ဂေဘရီယယ်တောင်ခြေမှာ လောင်ကျွမ်းနေတဲ့ အီယာတန်တောမီးကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ပါတယ်။ အဆောက်အအုံ ရာပေါင်းများစွာ မီးထဲပါသွားခဲ့ပြီး ရေရရှိမှု အဟန့်အတား၊ လေပြင်းတိုက်ခတ်မှုကြောင့် ထိန်းချုပ်မရ အနေအထားဖြစ်နေဆဲပဲလို့ မီးသတ်အရာရှိတွေက ဆိုပါတယ်။

” လေပြင်းတိုက်လို့ မီးညွှန့်က ပေ ၃၀၊ ပေ ၄၀ လောက် တက်ပြီး ဖျောက်၊ ဖျောက်၊ ဖျောက် အသံတွေ ဆက်တိုက်ထွက်နေတယ်။ မသိရင် စစ်မြေပြင် ရောက်နေတဲ့အတိုင်းပါပဲ”လို့ အီယာတန်တောမီးကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ ကီဗင်ဝီလျံက ဆိုပါတယ်။

ဟောလိဝုဒ်တောင်ကုန်းနားမှာ ထပ်မံပေါ်ပေါက်လာတဲ့ တောမီး လောင်ကျွမ်းမှုအသစ်တစ်ခုဟာ ဧက ၅၀ အထိ ဝါးမြိုခဲ့ပေမဲ့ မီးသတ်သမားတွေက မီးထိန်းနိုင်ဖို့ အလားအလာကောင်းတွေ ရရှိနေပြီလို့ သိရပါတယ်။

Ref: Los Angeles surrounded by out-of-control wildfires; at least 5 dead
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top