ပေ ၃၀ ရှိတဲ့ ထူးခြားရုပ်တုနဲ့ အီလွန်မက်စ် ဂုဏ်ပြုခံရ

10-11-2022yyl056.jpg

တွစ်တာပိုင်ရှင်ဖြစ်သွားတဲ့ အီလွန်မက်စ်ဟာ ထူးခြားတဲ့ရုပ်တုတစ်ခုနဲ့ ဂုဏ်ပြုခံခဲ့ရပါတယ်။ အဲဒီထူးခြားတဲ့ရုပ်တုက ဒုံးပျံစီးနေတဲ့ လူတစ်ဝက်၊ တိရစ္ဆာန်တစ်ဝက်ပါ။ ဆိတ်ရဲ့ခန္ဓာကိုယ်ကို အီလွန်မက်စ်ပုံတူမျက်နှာပါဦးခေါင်းတပ်ထားတာပါ။ ဒီရုပ်တုရဲ့တန်ကြေးက ခန့်မှန်းခြေ ဒေါ်လာ ၆၀၀၀၀၀ ဖြစ်ပါတယ်။

ဒီရုပ်တုက ဒီဂျစ်တယ်ငွေကြေးကုမ္ပဏီ Elon Goat Token ($EGT) ရဲ့တီထွင်မှုပါ။ အီလွန်မက်စ်ရဲ့အလုပ်ခွင်မှာ ဒီရုပ်တုထားဖို့အတွက် သူ့ကို လက်ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ ရုပ်တုဖန်တီးပြုလုပ်တဲ့အဖွဲ့က ဒီရုပ်တု တည်ဆောက်ပြီးတစ်နှစ်အကြာမှာ အီလွန်မက်စ်ဆီ ယူသွားပေးဖို့ အချိန်ရောက်ပြီလို့ ပြောပါတယ်။ အီလွန်မက်စ်ကို တွေ့ချင်ပြီး ဒါ ပေးချင်တယ်။ သူက တီထွင်ဖန်တီးနိုင်စွမ်းအရှိဆုံးသက်ရှိလူသားဖြစ်တဲ့အတွက် GOAT – Great of all Time (အချိန်တိုင်းရဲ့အကောင်းဆုံးလူ)ပါပဲလို့လည်း ပြောပါတယ်။

သူတို့က အီလွန်မက်စ်ရဲ့အောင်မြင်မှုတွေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာကတိကဝတ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်လာ ၆၀၀၀၀၀ တန်ရုပ်တုကို ဖန်တီးခဲ့တာပါတဲ့။ရုပ်တုရဲ့အလူမီနီယမ်ဦးခေါင်းကို ကနေဒါလူမျိုးပန်းပုဆရာတွေဖြစ်တဲ့ ကယ်ဗင်နဲ့ မီချယ် စတုန်းတို့က ဖန်တီးခဲ့တာပါ။ အီလွန်မက်စ်နဲ့တူအောင်ဖန်တီးဖို့အတွက် နာရီပေါင်း ၇၀၀ ကျော်ကြာ အချိန်ယူခဲ့ရပါတယ်။ အီလွန်မက်စ်နဲ့လုံးဝတူတာကြောင့် ဒီအတွက် ဂုဏ်ယူမိတယ်လို့ ကယ်ဗင်က ပြောပါတယ်။

ဒီရုပ်တုကို အီလွန်မက်စ်ဆီ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ပို့ဆောင်မှာဖြစ်ပါတယ်။ ဒီလက်ဆောင်ကို လက်ခံရယူပေးဖို့ အီလွန်မက်စ်ကို သူတို့တွေက ဖိတ်ကြားထားပါတယ်။ အီလွန်မက်စ်ကတော့ သူတို့ရဲ့ဖိတ်ကြားချက်ကို မတုံ့ပြန်သေးပါဘူး။

Ref: Dailystar and Ladbible “Fans of Twitter boss Elon Musk make bizarre 30ft ‘goat’ monument to world’s richest man”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top